လမ်းအမော်
ကံ့ကော်နံ့သင်း။
ချိုးအကွေ့
ကြည်မွေ့ဖို့ဘယ်ညာ
ငွေဝတ်လွှာခင်း။
လမ်းတလျှောက်
ပန်းကောက်စို့အတူ
တေးကျူလို့လေး။
နောင်စခန်း
တို့လမ်းဆိုင်ရင်ဖြင့်
ပန်းမပြိုင်ကြေး။ ။
ဇင်
လမ်းအမော်
ကံ့ကော်နံ့သင်း။
ချိုးအကွေ့
ကြည်မွေ့ဖို့ဘယ်ညာ
ငွေဝတ်လွှာခင်း။
လမ်းတလျှောက်
ပန်းကောက်စို့အတူ
တေးကျူလို့လေး။
နောင်စခန်း
တို့လမ်းဆိုင်ရင်ဖြင့်
ပန်းမပြိုင်ကြေး။ ။
ဇင်
လူသံနဲ့ဝေး
တောအုပ်ဘေးမှာ
တဲကုပ်လေးနဲ့ နေချင်တယ်။
တဲဘေးနောက်ဖက်
ရေထွက်ပေါက်က
စီးကျစမ်းရေ တသွယ်သွယ်…။
ငှက်တေးသံဆင်
ချိုနားဝင်လို့
ပန်းဆင်ဒန်းလည်း ထားရမယ်…။
အိမ်ရှေ့မှာလည်း
သီးပင်စိုက်လို့
ရာသီလိုက်တော့ စားချင်ဖွယ်…။
ပန်းရနံ့လှိုင်
မေတ္တာကြိုင်တယ်
လုံခြုံမှေးမယ် အေးရိပ်ဝယ်။
လူသူနဲ့ဝေး
တောအုပ်ဘေးမှာ
ချစ်တဲ့သူနဲ့ နေချင်တယ်။