ကျောင်းစတက်ပြီးတလလောက်ကြာကတည်းက ဘလော့ဘက်ကိုခြေဦးမလှည့်ဖြစ်အောင် ကိုယ့်ကိုယ်ကို အတော်လေး ထိန်းချုပ်ထားရတယ်။ ကျန်းမာရေးကိစ္စ၊ မကုန်ဆုံးနိုင်တဲ့assignment တွေ၊ ရှောင်ရတဲ့အစားအသောက်တွေများလို့ကိုယ့်ဘာသာပဲ ချက်စားနေရတာကြောင့်ရော အချိန်ကဘယ်တော့မှ မလောက်။ ဒီကြားထဲမှာ ယူထားမိတဲ့ module တွေကကိုယ်သိပ်မကျွမ်းကျင်တဲ့ဘာသာတွေဆိုတော့ သူများထက်ပို ပြီး ၂ဆ ၃ဆဖတ်ရသေးတယ်။ ဒါတောင်မှ စာမေးပွဲနီးတော့စိတ်လေပြီး ပြန်မဖတ်နိုင်လို့ စာမေးပွဲခန်းထဲမှာ ယောင်တောင်တောင်ဖြစ်သေးတယ်။ ဘောပင်အကြာကြီးဆုပ်ပြီး စာမရေးနိုင်တဲ့အတွက်ဘာသာတိုင်းကို ကွန်ပျူတာနဲ့ဖြေခွင့်ပေးဖို့ကျောင်းကိုခွင့်တောင်းရပါတယ်။ တချို့ဘာသာတွေကတော့ အစောကြီးကတည်းက Typing ဖြေချင်တဲ့သူဖြေဖို့ခွင့်ပြုထားပေမယ့် Core Module တွေကတော့ကွန်ပျူတာနဲ့ဖြေခွင့်မပြုပါတဲ့။ ကိုယ်ကတော့ လက်ဘက်မစား၊ ကွမ်းမစား။ ချွင်းချက်ပေါ့လေ။ ကိုယ်တယောက်တည်းအတွက် အခန်းတခန်း၊ ကွန်ပျူတာတလုံးပေးရပြီး admin department ကလူတွေလည်းအလှည့်ကျလာစောင့်ပေးရလို့ အားနာပေမယ့် မတတ်နိုင်ဘူးပေါ့။ စာမေးပွဲရက်မှာစိတ်အလိုလိုက်ပြီး ဘလော့တွေဘက်ကိုနည်းနည်းလှည့်လိုက်သေးတယ်။ ကိုလူထွင်းဆီ၊ ကိုလင်းဆီ၊ ပြီးတော့ မကေ့ဆီ။ သုံးခုလောက်ဖတ်ပြီးရော ကိုယ့်စိတ်ကိုဆုံးမပြီး browser ကိုပိတ်လိုက်ရတယ်။ Comment လည်းမပေးရဲဘူး။ ကြာနေမှာကြောက်လို့။ ကိုယ့်ဘလော့လေးကို အလွမ်းပြေ၀င်ကြည့်တော့ လာသွားကြတဲ့အကိုအမတွေရော၊ စိတ်ပူပေးကြတာအတွက်ရော ပျော်ရပါတယ်။ မေ့သမီးအကြာကြီးပျောက်နေပေမယ့် မေ့မပစ်လိုက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အခုဒီဇင်ဘာကျောင်း ပိတ်ရက်မှာ စာပြန်ရေးဖို့ရော၊ ကဗျာစပ်ဖို့ရော စဉ်းစားထားပါတယ်။ (စိတ်ကူးပေါက်ရင်ပေါ့လေ။) ဒါပေမယ့် လောလောဆယ်တော့ သီရိလင်္ကာမှာ ကွန်ဖရင့် ၂ခုဆက်တိုက်ရှိနေတာကြောင့် ရေးဖြစ်ဦးမှာမဟုတ်သေးပါဘူး။ ကွန်ဖရင့်ပြီးသွားရင်တောင် ဒီကအဖွဲ့ရဲ့ CEO က ကိုယ့်ရဲ့ နောက်ဆုံးနှစ်စာတမ်းအတွက် supervisor ဖြစ်နေတာကြောင့် သူ့ဆီက အကြံဥာဏ်ယူရင်း၊ လေ့လာရင်းနဲ့ တလအတိကြာအောင် သီရိလင်္ကာမှာနေရမှာပါ။ ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့မှပဲ စင်္ကာပူပြန်ရောက်ပါမယ်။ အားလုံးစိတ်ပူနေမှာစိုးလို့ အကြောင်းကြားထားတာပါ။ :P နောက်ရက်ကြ သီရိလင်္ကာမှာလျှောက်လည်ဖြစ်ရင် ဓါတ်ပုံတွေတင်ပေးမယ်နော်။ အားလုံးပဲ အဆင်ပြေကြပါစေ။
ရောင်နီတွေနဲ့ ဒို့အတူ
2 weeks ago
8 comments:
ပေါ်မလာ အတော်ကြာ ပြီ မေ့ သမီးရေ ..
စာမေးပွဲတွေ နဲ့ ကျန်းမာရေး နဲ့ ကြောင့် ဝေးနေတဲ့ ဘလောဂ်လေးကတဆင့် ခုလို သတင်းလေးကြားရတာ ဝမ်းသာပါတယ် ။
အရေးကြီးတာ တွေ ဦးစားပေးပြီးလုပ်တာ အကောင်းဆုံးပါပဲ ။
ပြန်လာမဲ့ နေ့ ကို ၊
စောင့်မျှော်နေမယ်နော် ..
အစစ အောင်မြင် အဆင်ပြေပါစေ ...
ဟုတ်ပါပြီ ဟုတ်ပါပြီ..အဲလောက်တော့ ပြောပြဦးပေါ့..
ညည်းကို လူကြီးတွေက စိတ်ပူနေကြတာ..။
:)နေကောင်းတယ်မဟုတ်လား ညီမ။
အဆင်ပြေပါစေ..။
အရာရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ညီမလေးရေ...
ခုမှပဲ စိတ်အေးရတယ်...ကိုယ့်ညီမ ပျောက်လှချည်လားလို့ တွေးနေမိတာ..
ငါပြောယင် ငါ့ အလွန်ဖြစ်ဦးမယ် အဖေါ်အလှော်နဲ့ နေပါဆိုတာ...အဲဒီတော့ ကရိကထ မများဖူးပေါ့ ဒီသဘောပါ၊ အခုတော့ ...? ရွာမှာလို မီးမလာ ပုံမျိုးနဲ့ ကွန်ပြူတာ ဘုရားခန်းထဲ ထည့်ထားပုံမျိုးနဲ့ ငါ့ညီမ မေ့သမီး ဒီတသက် စာတတ်ဖို့ အကြောင်းမမြင်၊ အင်း ..ဘာပဲပြောပြော ကျန်းမာလာလို့ ဘကြီး ဝမ်းသာတယ် သိလား။
ရောက်လာတယ်ဆိုလို့ ကျေးဇူး...
းဝ)
အကို့ ညီမ
အစစအရာရာအဆင်ပြေပါစေ။
အကို
စီဂျီ-၅၆
Post a Comment