Sunday, January 11, 2009

ဥယျာဉ်မှုး


မျိုးစေ့ကိုချ
မြေဆီဝအောင်
ရေလောင်းမပြတ်
ပေါင်းတင်လတ်၍
နေပူမိုးရွာ
ပျိုးခဲ့ရှာသူ။ ။

ပွင့်ဦးချိန်ရောက်
ပန်းခူးနောက်သို့
ကောက်ကောက်ပါခဲ့
မျက်ရည်လည်ရွဲ
သူ့သဲကြွေပြီ။ ။

ပန်းပန်ဖို့ရာ
ခွင့်မသာလည်း
သူ့ပျိုးသည့်ပန်း
မညှိုး၊ လန်းစေ
တောင်းဆုချွေတတ်
မြတ်သောဥယျာဉ်မှုးပါတကား။ ။


မေ့သမီး

4 comments:

ဆောင်းယွန်းလ said...

ဥယျာဉ်မှုးမေမေအားလုံး...ဒီလိုဘဲပေးဆပ်ခဲ့ကြတာပါ..
ကဗျာလေးကကာရန်တွေနဲ့လှနေတယ်
ညီမလေးလည်းမေမေနဲ့အမြန်ဆုံးပြန်ဆုံဆည်းနိုင်ပါစေ

ခင်မင်လျက်

မမသီရိ said...

နှစ် သက်စရာ လှပ တဲ့ ကဗျာလေး...
အမေ အားလုံးအတွက် ကိုယ် စားပြု နေတယ်..
......
ပြိုင် ပွဲ ၀င် ရင် ဆု ရမှာ.. နော်...ညီမလေး ရေ..

ရွှေပြည်သူ said...

သိမ်မွေ့လှပတဲ့ မိဘမေတ္တာဖွဲ့ကဗျာတစ်ပုဒ်ဖတ်ရလို့ ကျေးဇူးတင်ပါတယ် ညီမလေး...

မေ့သမီး said...

အားပေးတဲ့အစ်ကိုအစ်မတွေကို ကျေးဇူးတင်ပါတယ်။