Friday, January 16, 2009

ခေါင်းစဉ်ပျောက်တဲ့ကဗျာ

သူတစ်လူ ငါတစ်မင်းနဲ့
သူနိမ့်ရင် ငါနင်းမယ်
သူယိမ်းတော့ ကိုယ်မခေါ်
ကိုယ်ပါတော့ သူမတိမ်း
လူစိမ်းဝင် ရန်သူဖက်တယ်
ပြည်ပျက်မယ့်ကြောင်း။

(ဟိုတစ်ရက်က စာတွေဖတ်ပြီး စိတ်ထဲမှာအဲဒီလိုဖြစ်လာတာနဲ့ ဒိုင်ယာရီထဲမှာကောက်ရေးလိုက်မိတဲ့ ကဗျာလေးပါ။ နာမည်တော့မပေးတတ်ဘူး။)
မေ့သမီး
(ကိုဆောင်းယွန်းလကနာမည်ပေးသွားပါတယ်။)

3 comments:

အောင်မြေ said...

ကဗျာကို နှစ်သက်တာမို့
ကဗျာတွေ အများကြီးဖတ်သွားပါတယ်။
ပျော်ရွှင်ပါစေနော်။

ဆောင်းယွန်းလ said...

ခေါင်းစဉ်ပျောက်နေတဲ့ကဗျာလို့အမည်တပ်လို့ရတယ်
ညီမလေးရေ..ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတဲ့
ခေါင်းစဉ်ကပျောက်နေတာကြာပြီမဟုတ်လား...

ခင်မင်လျက်

Anonymous said...

ကဗျာလေးကောင်းတယ်