Monday, February 2, 2009

စိုးရိမ်မိတယ်


ကျွန်မ စင်္ကာပူကိုရောက်မလာခင်အချိန်အထိ တိုင်းရင်းသားတွေအားလုံးဟာ မြန်မာနိုင်ငံထဲကမြန်မာလူမျိုးတွေ၊ တစည်းတလုံးတည်း၊ တစိတ်တ၀မ်းတည်းလို့ယုံကြည်ထားတာပါ။ မြန်မာလို့အမည်ပြောင်းလိုက်တာကို ဒီအစိုးရလုပ်ခဲ့သမျှထဲမှာ တစ်ခုတည်းသောကျွန်မသဘောကျတဲ့အရာလို့ ကျွန်မအမြဲပြောတတ်ပါတယ်။ ရုတ်တရက်ကြီး ဗမာလို့နိုင်ငံတကာကသိနေတဲ့နိုင်ငံကို မြန်မာလို့ပြောင်းပစ်တဲ့လုပ်ရပ်ရဲ့နောက်ကွယ်မှာ နိုင်ငံရေး အရတစ်ခုခုရှိချင်ရှိမယ် ကျွန်မမပြောတတ်ဘူး။ အဲဒီတုန်းက ကျွန်မသိပ်ငယ်ပါသေးတယ်။ ဒါပေမယ့် အဲဒီလိုပြောင်းလဲလိုက်တဲ့အတွက် နိုင်ငံတော်သည် မြန်မာ၊ အဓိက လူမျိုး (၈)ခုသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုပြီး ဖြစ်သွားမယ်။ ဗမာလူမျိုးတွေရဲ့ နိုင်ငံသီးသီးမဟုတ်ဘဲ ဒီလူမျိုး ၈ခုနဲ့ တခြားလူမျိုးငယ် ပေါင်းများစွာပါဝင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာမျိုး အားလုံးလည်း ခံယူသွားမယ်လို့ထင်ခဲ့တာ။ ကျွန်မသိသလောက်ကျွန်မနေခဲ့တဲ့ မြို့ပေါ်မှာတော့ ရခိုင်မို့လို့၊ ရှမ်းမို့လို့၊ မွန်မို့လို့၊ အဲဒီလို ဗမာမဟုတ်လို့ဆိုပြီး ခွဲခြားဆက်ဆံတာမျိုးမရှိပါဘူး။ ရှမ်းပြည်ဘက်မှာ၊ နယ်စပ်ဘက်မှာ စစ်သားတွေက အမျိုးသမီးငယ်လေးတွေ အရွယ်ရောက်လာရင်အနိုင်ကျင့်စော်ကားလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောက်ျားပေးစားလိုက်တယ်ဆိုတာ မျိုးကြားဖူးပါတယ်။ ဒါပေမယ့် အဲဒါကြောင့်တိုင်းရင်းသားတွေက ဗမာလူမျိုးကိုမုန်းရင်တော့ မတရားဘူးလို့ထင်တယ်။ စစ်သားကစစ်သားပဲ။ ပြီးတော့ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့တပ်မတော်တုန်းက စစ်သားတွေက ဒီလိုမျိုးရှိခဲ့လို့လား။ ဆွမ်းဆန်ထဲကြက်ချေးရောရင်တောင် တော်တော်ရှားမယ်ထင်တာပဲ။ တစ်ခါမှလည်း ဗိုလ်ချုပ်ခေတ်ကတပ်မတော်က ပြည်သူကိုစော်ကားတယ်လို့ ကျွန်မမကြားခဲ့ဘူးပါဘူး။ ထားပါတော့လေ။ ကျွန်မစင်္ကာပူကိုရောက်ပြီး သိပ်မကြာခင်မှာ ကျွန်မထက်တစ်နှစ်လောက်ငယ်တဲ့ ကချင်ပြည်က မောင်လေးတစ်ယောက်ကျောင်းကို ရောက်လာ ပါတယ်။ ကျွန်မနဲ့အတန်းအတူတူပါပဲ။ ကျွန်မကမောင်အငယ်မရှိတဲ့သူဆိုတော့ သူ့ကိုခင်ပါတယ်။ ဘာမဆိုကူညီ ပေးဖို့လည်းစိတ်ကူးခဲ့တယ်။ နောက်ပိုင်းကျတော့ ကျွန်မတို့မြန်မာတွေစုပြီးဟိုသွား၊ ဒီသွားဆို မြန်မာတွေဆီကို Email ပို့ပါတယ်။ သူကမလိုက်တာများပါတယ်။ လိုက်တဲ့အခါတုန်းကလည်း လိုက်မယ်ဆို Email ပို့ရင် ကျွန်တော် ဗမာလူမျိုးမဟုတ်ပေမယ့် လိုက်ခဲ့မယ်ဆိုတာမျိုးတွေ ထည့်ပြောပါတယ်။ တစ်ခါတုန်းကလည်း ကျွန်မနဲ့သူ အပြင်က ပြန်လာတော့ ဘတ်စ်ကားပေါ်မှာ သူမြစ်ကြီးနားဘက်မှာ သူခရီးသွားတုန်းက အထက်တန်းကျောင်းတွေ၊ တက္ကသိုလ် တွေမှာ ဘိန်းဖြူအဆင့်ကိုတောင်လွယ်လွယ်ရနေတာသူတွေ့ခဲ့တယ်တဲ့။ (သူကရန်ကုန်ကိုငယ်ငယ်တည်းက ရောက်တာပါ။ ) အဲဒါနဲ့ပတ်သက်ပြီး အစ်မဘယ်လိုမြင်လဲတဲ့။ ကျွန်မတို့ဆီမှာလည်း တက္ကသိုလ်မှာ ဆေးခြောက်တို့၊ အရက်တို့၊ မိန်းမတို့ဆိုတာ လွယ်လွယ်ရနေတာပဲလို့။ (ကျွန်မတို့မြို့ကတက္ကသိုလ်မှာပြောတာပါ။) အဲဒီတော့ သူက ဆေးခြောက်ကတစ်မျိုးလေတဲ့၊ အခုကဘိန်းဖြူတောင်မှ အထက်တန်းကျောင်းလိုနေရာမျိုးအထိရောက်နေတယ်။ ပြီးတော့ ဒါတွေကိုမသိချင်ယောင်ဆောင်ထားတဲ့သဘောမျိုးဖြစ်နေတယ်လို့ သူကပြောတယ်။ ကျွန်မရဲ့အမြင် ကိုမေးတယ်။ အဲဒီတော့ကျွန်မပြန်ပြောလိုက်တယ်။ အဲဒါကချင်ပြည်နယ်မို့၊ ရှမ်းပြည်နယ်မို့မဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာရှိတဲ့လူငယ်တွေကို ပညာတတ်တွေဖြစ်လာမှာကြောက်လို့ တွေးခေါ်တတ်လာမှာကြောက်လို့ အပျော်အပါးနဲ့မှိုင်းတိုက်တာ။ အဲဒါလူငယ်ထုတစ်ခုလုံးကိုအဲဒီလိုလုပ်ထားတာလို့ ပြန်ဖြေလိုက်ပါတယ်။ သူကသိပ် တော့ အဲဒီအဖြေကိုကျေနပ်ပုံမရဘူး။ တိုင်းရင်းသားတွေကိုပိုပြီး ဖိနှိပ်ထားတာလို့ထင်နေတဲ့ပုံပဲ။ ကျွန်မကတော့သူတို့ အဲလိုလုပ်တာတွေရှိတယ်။ ဒါပေမယ့် ဘယ်လိုဖြေမလဲ။ နောက်ကျွန်မတို့ကျောင်းက တခြားအစ်ကိုတစ်ယောက်နဲ့ အဲဒီအကြောင်းတွေပြောဖြစ်ကြတော့ သူကနင်တိုင်းရင်းသားအစစ်တွေကို မမြင်ဘူးလို့။ သူတို့ကအကုန်လုံးနီးပါး ဒီလိုပဲတဲ့။ (အဲဒီအစ်ကိုကလည်း ချင်းသွေးစပ်ပါတယ်။) သူတို့ အကုန်နီးပါးဗမာကိုမုန်းတယ်။ ဗမာဆိုတာ သူတို့မျက်စိထဲမှာလူလည်တွေတဲ့။ ကျွန်မအဲလိုကြားရတော့ စိတ်မကောင်းလိုက်တာ။ အဲဒီအစ်ကိုကတော့ ကျွန်မတို့ အားလုံးနဲ့စည်းစည်းလုံးလုံးပဲ။ အဲဒီကောင်လေးကတော့ ကျွန်မတို့နဲ့လည်းမလိုက်တာများ၊ ပြီးတော့ သူက ကိုယ့်တစ်နိုင်ငံတည်းကလာတာဆိုတဲ့ စိတ်မျိုးကို မမွေးနိုင်တာလားမသိဘူး။ ဗမာဆိုတာသူ့အတွက်တော့ တရုတ်တွေ၊ ဂျပန်တွေနဲ့ဘာမှမကွာဘူး။ ကျွန်မကတော့ ကရင်ဒုက္ခရောက်လည်း တစ်နိုင်ငံလုံးဒုက္ခပဲ။ ကချင်အရေးဆိုလည်း တစ်နိုင်ငံလုံးအရေးပဲလို့။ ဘာကြောင့်များတစ်မြေတည်းနေပြီးခွဲခြားချင်ကြတာပါလိမ့် စဉ်းစားလို့တောင်မရဘူး။ တခါတလေလည်း သူနဲ့တခြားအစ်မတစ်ယောက် (သူကတရုတ်စပ်) စကားပြောကြတယ်။ မြန်မာနိုင်ငံက အရင်အနော်ရထာတို့ခေတ်တုန်းကလိုက်ပြီးတိုက်ယူထားတာ။ ဗမာပိုင်ကဘာမှရှိတာမဟုတ်ဘူး။ ကချင်ပြည်နယ်တို့၊ ရခိုင်ပြည်နယ်တို့၊ မွန်ပြည်နယ်တို့အားလုံးဗမာဘုရင်ကလိုက်သိမ်းယူထားတာဆိုတာမျိုးတွေ ပြောတယ်။ ကျွန်မလည်းစာအုပ်တွေဖတ်ခဲ့ဖူးတာပဲ။ သိတာပေါ့။ ဒါပေမယ့် အခုအဲဒါတွေကဗမာပိုင်မဟုတ်ဘူး။ နင်တို့နဲ့ငါတို့တစ်နိုင်ငံတည်းမဟုတ်ဘူးဆိုပြီး ခွဲထွက်ပြီးအစိတ်အစိတ်အမွှာမွှာကွဲအောင်လုပ်ချင်ကြတာလား။ စင်္ကာပူလို နိုင်ငံသေးသေးလေးတွေအများကြီးထူထောင်ချင်ကြတာလား။ ကျွန်မစဉ်းစားလို့မရဘူး။ သမိုင်းထဲက ကောင်းတာယူပြီး မကောင်းတာတွေကိုထားခဲ့လိုက်ကြပါ။ သမိုင်းမှာနယ်ချဲ့ခဲ့တယ်။ အခုမချဲ့နဲ့တော့။ ကိုယ်လဲ နယ်ချဲ့ဘ၀အရောက်မခံနဲ့တော့။ ဘာကြောင့်များသွေးကွဲချင်နေရတာပါလိမ့်။ ဒီနေ့လဲ ကျောင်းကသူငယ်ချင်း တွေကနိုင်ငံရေးဟာသတွေကိုပို့ပေးတယ်။ Can you add in your country? ဆိုတဲ့ခေါင်းစဉ်နဲ့။
SOCIALISM :
You have 2 cows and you give one to your neighbor .

COMMUNISM:
You have 2 cows; the Government takes both and gives you some milk.

NAZISM:
You have 2 cows. The Government takes both and shoots you.

AN AMERICAN CORPORATION:

You have two cows. You sell one, and force the other toproduce the milk of four cows. Later, you hire a consultant to analyze why the cow dropped dead.
FRENCH CORPORATION:

You have two cows. You go on strike because you want three cows.

A BRITISH CORPORATION:

You have two cows. Both are mad.


LEBANON SYSTEM :

You have two cows. One is owned by Syria and the other is controlled by the government.

EGYPT SYSTEM :

You have two cows. Both vote for Mubarak.

DUBAI SYSTEM :

You have two cows. You create a website for them andadvertise them in all magazines. You create a ' Cow City ' or ' Milk Village ' for them.
You sell off their milk before the cows have even beenmilked to both legit and shady investors who hope to re -sell the non-existent milk for a 100% profit in two years time. You bring Tiger Woods to milk the cow first to attract media attention.

SHARJAH SYSTEM:

You have two cows. You sell them to an investor in Dubai.
The cows get stuck in traffic between Sharjah to Dubai and die. You have zero cows now.

PAKISTANI SYSTEM:
You had two cows. One was bombed by an American predator. You ate the other one.
အဲဒါကိုကျွန်မကဒီလိုပြန်ရေးတယ်။
Myanmar System

You have two cows. The government takes them and asks you to get daily grass for them.
ကျွန်မပို့နေတုန်းမှာပဲ သူ့ဆီက၀င်လာတာက
Burma Enterprise
You have 100 cows with different colors. Then you paint them with the same color.
Cows, who don't want to get painted, were sent to butcher's house. Cows, who get painted, get displined oxocracy!
ကျွန်မတကယ်ကိုစိတ်မကောင်းဖြစ်မိတာပါ။ သူစိတ်ထဲမှာ ဗမာ၊ ကချင်၊ ကယားလူမျိုးတွေဟာ လူမျိုးမတူ၊ စိတ်ထား ခြင်းမတူဖြစ်နေပြီလားလို့ပါ။ အစိုးရနဲ့ ပြည်သူကလုံးဝမတူပါဘူး။ အစိုးရကထုတ်ပြန်သမျှ မူဝါဒတွေ၊ သတင်းတွေ၊ အကြောင်းအရာတွေအားလုံးဟာ ကျွန်မတို့ပြည်သူတွေရဲ့သဘောထားလည်းမဟုတ်ပါဘူး။ ဒါနဲ့ကျွန်မပြောလိုက် ပါတယ်။ Different kinds နဲ့ Various kinds ဆိုတာမတူဘူးလို့။ ဒီတစ်မျိုးတည်းကိုပဲ ပုံစံကွဲတာ။ အမျိုးအစားကွဲ၊ အရင်းအမြစ်ကိုတည်းကမတူတာ။ ကျွန်မအတွက်တော့ ဗမာတိုင်းရင်းသားနဲ့ တခြားတိုင်းရင်းသားဆိုတာ Various kinds ပါ။ အမျိုးအစားတူ၊ ပုံစံကွဲပါ။ တခြားနိုင်ငံကလို Different ဖြစ်နေတာမဟုတ်ဘူး။ ကျွန်မတို့မှာ ဘာမှကိုအဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ တိုင်းရင်းသားအချင်းချင်း ကလည်း သွေးကွဲနေကြရင် အခြေအနေက ပိုပြီးဆိုးလာတော့မှာ ကျွန်မစိုးရိမ်မိတယ်။ ကျွန်မတို့ဟာ တစ်မြေတည်း၊ တစ်နိုင်ငံတည်းကလာကြတာ လူမျိုးစုကွဲပေမယ့် တစ်စိတ်တစ်ဝမ်းတည်းအားလုံးကိုရှိစေချင်ပါတယ်။


မေ့သမီး
(ဓါတ်ပုံကို Google နဲ့ရှာထားတာပါ)

14 comments:

Welcome said...

စိုးရိမ်စိတ်နဲ့ ဖတ်သွားပါတယ်
အဆင်ပြေ ပျော်ရွှင်ပါစေ

လင်းဒီပ said...

ဒီအကြောင်းအရာ ဒီရှုထောင့်က သိပ်မရေးဖြစ်ကြဘူး..တွေးတော့ တွေးဖြစ်ကြမယ် ထင်ပါတယ်..
ဘာပဲဖြစ်ဖြစ် သတိတရ ထောက်ပြပေးတာ ကောင်းပါတယ် ညီမရေ..

တချို့ တိုင်းရင်းသားသူငယ်ချင်းတွေမှာ
အဲလို ခံစားမှုတွေရှိတာ ကြုံဖူးတယ်..
သူငယ်ချင်းထဲမှာ ချင်းတစ်ယောက် ကရင်တစ်ယောက်
ရှိတယ်..
သိပ်နားမလည်ဘူး..

မြန်မာနိုင်ငံဆိုတဲ့ အမိုးတစ်ခုတည်းအောက်မှာ အားလုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် အတူတူနေသွားကြဖို့ပဲ ဆန္ဒပြုပါတယ်...

အဆင်ပြေပါစေ..

ဒေါင်းမင်း said...

မြန်မာဆိုတာတိုင်းရင်းသားအားလုံးစုပေါင်းတာကိုခေါ်တာပါ..ဘယ်လိုပဲပြောပြောလက်ရှိမြန်မာအစိုးရမကောင်းပါဘူးဒါပေမယ့်...တိုင်းရင်းတွေစည်းလုံးမှုကွဲလို့မရပါဘူး..
နွားကွဲရင်ကျားဆွဲတက်တာထုံးစံပါ..........
တိုင်းရင်းသားတွေအကုန်စည်းလုံးညီညွှတ်တာပဲလိုချင်တာပါ...စည်းစည်းလုံးလုံးနဲပျော်ရွှင်စွာပဲမြန်မာနိုင်ငံတော်ကြီးကိုဖြတ်သန်းသွားချင်ပါတယ်...

ကလူသစ် said...

ကျောင်းတက်တုန်းက အဆောင်နေခဲ့တာလေ။ တနိုင်ငံလုံး လူတွေ လာတက်ကြတာပဲ။ တိုင်းရင်းသားလူမျိုးစုံ။ ဘာမှတော့ သိတ်ထူးထူးခြားခြား မတွေ့မိပါဘူး။ ၈၈ မတိုင်မှီကမို့လို့ဖြစ်မယ်ထင်တယ်။ ခုနေဆိုရင်တော့ မပြောတတ်ဘူး။

ATN said...

ခုမှ ဖတ်ရတာပါ...

သို့သော်လည်း chauvanism ဟာ လူမျိုးစုတွေက တကယ်ကို ခံစားရတာပါ...

ဒါကလည်း လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ အတွင်းမှာ (အထူးသဖြင့် စစ်အစိုးရရဲ့ လက်အောက်မှာ) ဖိနှိပ်ခံခဲ့ကြရတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ခံစားချက်ပါ...

အမှန်ကတော့ ဗမာလူမျိုးတွေက အဲလို မခွဲခြားတာ အမှန်ပါပဲ...

သို့သော်လည်း စစ်အစိုးရရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေအောက်မှာ ခံစားလာရတဲ့ လူမျိုးစုတွေကတော့ စနစ်နဲ့ လူမျိုးကို ခွဲခြား မမြင်နိုင်ကြတော့ဘူးလေ...

လူတဦးချင်းစီရဲ့ အမြင်ကျယ်မှုကလည်း ဒီခံစားချက်ကို အဆုံးအဖြတ်ပေးပါသေးတယ်...
အမြင်ကျဉ်းရင်တော့ ပိုဆိုးတာပေါ့လေ...

ရာစုနှစ် တ၀က်လောက် ဖြစ်တည်နေတဲ့ ခံစားမှုတခုကို ဖြေဖျောက်ဖို့ဆိုတာကလည်း ရာစုနှစ် တ၀က်လောက် နားလည်မှု ယုံကြည်မှု ရအောင် တည်ဆောက်ရလိမ့်မယ် လို့လည်း ထင်မြင်မိကြောင်းပါ...

ဆောင်းယွန်းလ said...

လူမျိုးစုရေးရာကိစ္စတွေကို ဆွေးနွေးမယ်ဆိုရင်တော့ သိပ်ကိုကျယ်ပြန့်ပါတယ် ညီမလေးရေ..
တကယ်လို့သာ လူတွေက သူတို့ခန္ဒာကိုယ်ပေါ်က အမှတ်တံဆိပ်တွေကို မကြည့်ကြတော့ဘဲ လူဆိုတဲ့ အမြင်နဲ့ပဲ ကြည့်တတ်ကြ မြင်တတ်ကြ ဆက်ဆံတတ်ကြ
မယ်ဆိုရင်တော့ ညီမလေးဆွေးနွေးထားတဲ့ ကိစ္စတွေထဲကလို လူမျိုးစုတွေက သူတို့ကို လူမျိုးကြီးတစ်ခုက ဖိနှိပ်ထားတယ် အနိုင်ကျင့်ကြတယ်ဆိုတဲ့ အမြင်မျိုးရှိလာကြတော့မှာ မဟုတ်ဖူးပေါ့...ဒါပေမယ့် လူကိုလူလို့ပဲ မြင်နိုင်ဖို့ဆိုတာက ကမ္ဘာပေါ်က ဘယ်လိုနိုင်ငံမျိုးမှာမှ ခုချိန်ထိ လက်တွေ့ကျကျ မကျင့်သုံးနိုင်ကြသေးပါဘူး
စာအုပ်တွေထဲမှာတော့ အသားအရောင်ခွဲခြားမှုမရှိပါဘူး ဆိုတဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အသားအရောင် ခွဲထြားဆက်ဆံမှုတွေက ဒီနေ့တိုင်အောင် အများကြီးရှိနေဆဲပဲလေ
အဲဒီတော့ မြန်မာနိုင်ငံလို ဖိနှိပ်မှုတွေ အများကြီးအောက်မှာ နေနေရတဲ့ တိုင်းရင်းသားတွေမှာ ဒီလိုခံစားချက်မျိုးတွေရှိနေတာ မဆန်းပါဘူး တကယ်ကတော့ မြန်မာပြည်မှာ တိုင်းရင်းသားတွေမှတင် မဟုတ်ပါဘူး ဗမာလူမျိုးစစ်စစ် တွေမှာတောင် ဘာအခွင့်အရေးတွေများ ပိုထူးပြီးရနေကြလို့လဲ
လူမျိုးစုဆိုတဲ့ အတွေးအခေါ်နဲ့မတွေးပဲ လူဆိုတဲ့ အတွေး
အခေါ်နဲ့တွေးကြည့်ကြမယ်ဆိုရင်တော့
သေသေချာချာတွေးကြည့်မယ်ဆိုရင်တော့ လူကိုလူချင်း
ဖိနှိပ်ပြီး ခွဲခြားတာရယ်လို့ပဲ အဖြေကထွက်လာမှာပါ
ဒီလိုတွေးနိုင်ဖို့ကတော့ အကိုတို့နိုင်ငံက ပြည်သူတွေအနေနဲ့ အချိန်တွေအများကြီးယူကြရဦးမှာပါ
ကျယ်ပြန့်တယ် ညီမရေ
ညီမလေးရဲ့ အတွေးအခေါ်တွေနဲ့ ဆင်ခြင်နိုင်မှုတွေကို လေးစားပါတယ်

kay said...

မေ့သမီး-တို့လည်း ခုမှ သေချာ ထိုင်ပြီး မန့်လိုက်အုံးမယ်။း)

အဲဒီ ဟာသ လေးကို ဖတ်ဖူးကတဲက..သဘောကျခဲ့တာ။ ပြန်ဖတ်လေ..ပြုံးမိလေပဲ။
တိုင်းရင်းသား အရေးကတော့ အပေါ်ကလူတွေ ပြောသလို သိပ်ကို ကျယ်ပြန့်ပါတယ်။ တကယ်လည်း တကယ့်ကွင်းထဲ ( သူတို့ နေရာဒေသ) တွေမှာ မသိမသာတမျိုး သိသိသာသာ တမျိုး ဖိနှိပ်မူတွေ ရှိနေတယ်ဆိုတာ.. သိသာလှတယ်လေ။ သိသာလှတယ် ဆိုပေမဲ့လည်း ..တို့အရွယ်တွေ ကြီးပြင်းခဲ့တဲ့ တလျှောက် ဆိုရှယ်လစ် ခေတ်မှာတော့.ပြည်မကြီးက..ဗမာဆိုတဲ့ တို့တွေ မသိခဲ့ရပါဘူး။ ကျောင်းမှာ ရှမ်းလေးတွေ..ကရင်မလေးတွေ တွေ့ရင်..ချစ်စရာ လေး..ခင်စရာလေး..တိုင်းရင်းသူတွေ လို့ရိုးရိုးထင်မိ ခင်မိကြတာပါပဲ။ ရှမ်းပုပ် ကရင်ပုပ် ဆိုတဲ့အခေါ်တွေလဲ..ဘာလို့ ရှိခဲ့တာလဲ..တခါတခါ ပြန်သုံးသပ်မိတော့..မွေးကထဲက.. တို့တွေသွေးထဲမှာ ဗမာက..အဓိက လူမျိုး..သူတို့က..တိုင်းရင်းသား ဆိုတဲ့ တဆင့်နှိမ့် ( လုံးဝ မသိသာ တဲ့ စိတ်) ချင်တဲ့ အသိလေး ရှိနေတာ..ပြန်တွေ့ရတယ်။

တကယ့် နာကျင်ခံခက် ခွဲခြားဆက်ဆံမူတွေကတော့.. ပြည်မ မှာ သိပ်မရှိခဲ့ပါဘူး။ တို့တွေလည်း သိပ်မသိခဲ့ကြဘူး။ အဲဒါကြောင့်..တိုင်းပြည်တပြည် လူ့အဖွဲ့အစည်းတခုမှာ..အားလုံးကို နေရာပေးသင့်..မျှတ လက်ခံသင့်တဲ့.. အုပ်ချုပ်နေထိုင်မူ ပုံစံတခု ( ဒီနေရာမှာ ဆိုရင်တော့..ဖယ်ဒရယ်ပြည်ထောင်စု ပေါ့) ဆိုတာကို.. အားလုံးက..လိုချင် တောင့်တ နေကြတာပါ။

ဗမာလူမျိုးကြီးဝါဒက..တကယ်ရှိခဲ့ပါတယ်..တကယ်ရှိနေပါတယ်.. တို့( ဗမာလို့ တော့ကိုယ့်ကိုယ်ကို ထင်တာပဲး) တွေရဲ့ စိတ်ထဲမှာတောင် မသိမသာ ကိန်းအောင်းနေတာပဲ.. မြင်အောင်ကြည့်ပြီး.. သိအောင် ဖယ်နိုင်မှ.. မေ့သမီးရေ-

ခင်မင်တဲ့- မကေ

မေ့သမီး said...

အစ်ကိုတွေ အစ်မတွေပေးထားတဲ့ကွန့်မန့်တွေက အရမ်းကောင်းပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ အမှန်တော့ ဘာလူမျိုးရယ်လို့မဟုတ်ဘဲ သူတို့ကိုထိခိုက်နိုင်မယ့်သူမှန်သမျှ ဖိနှိပ်ထားတာပဲ။ တစ်သွေးတစ်သားတည်းလိုသဘောထားပြီးအတူတူ ရင်ဆိုင်ကြမယ်ဆိုဘယ်လောက်ကောင်းမလဲ။

Nge Naing said...

မေ့သမီးရေ
တိုင်းရင်းသားတွေက တကယ်ကို ဗမာတွေထက် ပိုပြီးအဖိနှိပ်ခံရတာ အမှန်ပါ။ ဒါပေမယ့် မေ့သမီးပြောသလို ဗမာတွေလည်း တခြားတိုင်းရင်းသားတွေထက် အဖိနှိပ်ပိုခံရတဲ့နေရာတွေ ရှိပါတယ်။ ၆၂ ကနေပြီး ဖြစ်လာတဲ့ အရေးအခင်း အသီးသီးမှာ ရက်စက်စွာ အဖြိုခွင်းခံခဲ့ရတဲ့ ကျောင်းသားတွေအများစုဟာ ဗမာတွေဖြစ်ပါတယ်။ ဗမာရယ်၊ တခြားတိုင်းရင်းသားရယ် ဘုန်းကြီးရယ် လူရယ်လို့ မဟုတ်ပါဘူး သူ့ကို ဆန့်ကျင်သူမှန်သမျှကို စစ်အစိုးရက ဖိနှိပ်တာဖြစ်ပါတယ်။ ဒီလို အဖိနှိပ်ခံရတာချင်း အတူတူမှာ တခြားတိုင်းရင်းသားတွေက ဗမာတွေထက် ပိုခံရတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ရန်ကုန်မြို့လယ် လူသိရှင်ရှားနေရာမှာတောင် ဗမာအများစု ဖြစ်တဲ့ ကျောင်းသားတွေကို ပြောင်ပြောင်တင်းတင်း သေနတ်နဲ့ ပစ်သတ်တဲ့ စစ်တပ်ဟာ နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေကို သူပုန်အားပေးသူဆိုပြီး ဘယ်လိုဆက်ဆံမလဲဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ကျွန်မက ကျေးလက်ဒေသက ဗမာတယောက်ပါ။ ကျွန်မတို့ရွာရဲ့ ချောင်းတဖက်ကမ်းမှာ ကရင်ရွာရှိပါတယ်။
တကယ်ကို ရွာထဲစစ်တပ်ဝင်ရင် မသင်္ကာရင် မသင်္ကာသလို အကုန်လုံးကို ရမ်းပြီးငြင်းဆဲလို့ ပြေးပြေးပုန်းရပါတယ်။ ကျွန်မတို့ရွာ အပါအ၀င် စစ်တပ်ထိုင်နေတဲ့ ရွာမဟုတ်တဲ့ အစွန်အဖျားကျတဲ့ ရွာဆိုရင် ဗမာရွာမှာတောင် စစ်တပ်ဝင်ရင် သူပုန်အဖြစ် စွပ်စွဲပြီး ညှင်းဆဲခံရမှာစိုးလို့ မဟုတ်ပေမယ့် ယောက်ျားမှန်သမျှ ပေါ်တာဆွဲမှာစိုးလို့ အကုန်ပြေးပုန်းရတယ်။ ဟိုဘက်ကမ်းက ကရင်ရွာမှာကျတာ့ သူပုန်လူအဖြစ် စွပ်စွဲတာရော ပေါ်တာဆွဲတာပါ နှစ်ခုစလုံးကို ကြောက်ရပါတယ်။ ဒါကြောင့် ဗမာတွေထက် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေက အပြင်ပေါ်ရံအရတော့ ပိုပြီးခံရတယ်ဆိုတာ ကျွန်မတို့လက်ခံရမှာ ဖြစ်တယ်။ ဒါပေမယ့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေက ဗမာနဲ့ စစ်တပ်ကို ခွဲခြားသိဖို့အတွက် အမြင်ကျယ်ဖို့တော့ အများကြီးလိုအပ်နေပါသေးတယ်။ ဒီလိုမမြင်တတ်ရင်တော့ ဗမာအပါအ၀င် တိုင်းရင်းသားတွေအားလုံး စစ်အာဏာရှင်စနစ်အောက်က ဘယ်တော့မှ ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။

Anonymous said...

စစ်အစိုးရ လုပ်ရပ်ကြောင့် အပျက် ..အပျက်နဲ့ နှာခေါင်း သွေးထွက်တဲ့ ဇါတ်လမ်းမို့ အခုထိ ပြည်နယ်ဒေသတွေရဲ့ နယ်စပ်ဒေသတွေမှာ မဟာဗမာ ဆိုပြီး ဆိုင်းဘုတ်တပ်ပြီး မြင်ကြတဲ့ မဟာ တိုင်းရင်းသားတွေနဲ့ သတ်နေကြတာလည်း ပူးနောင် ..ဂျိန်ဂျိန်...ပူး ..ဂျိန်ဂျိန် ပါပဲလား xxx မေ့သမီး ဖေ့သား တို့ရယ်။

လင်းထက် said...

အင်း ဟုတ်တယ်မေ့သမီးရေ အဲဒါတွေ က နေရာတကာမှာ မြင်နေရတာပဲ နောင်ရေး တွက်တော်တော် စိတ်ပူဖို့ကောင်းတယ်..

Anonymous said...

အဓိကက ဗမာလဲ တိုင်းရင်းသားပဲ ဆိုတာကို သူတို့တွေ သိစေချင်တယ်။ အခု ၂၀၀၇ စက်တင်ဘာမှာရော ဗမာတွေ ဗုဒ္ဓဘာသာတွေ အခွင့်ထူးခံစားရလို့လား။
စစ်အာဏာရှင်ကတော့ဗမာရယ် ဘာရယ် ခွဲခြားမနေဘူး။ သူ့ကို ဆန့်ကျင်သူမှန်သမျှ ချေမှုန်းမှာပဲ..
နယ်စပ်တွေမှာလဲ ဗမာစစ်တပ်လို့ပြောကြတာရှိတယ်..
တကယ်က အဲဒီစစ်တပ်ထဲမလဲ လူမျိုးပေါင်းစုံရှိနေတာပဲ။ ရှမ်းပြည်ဘက်က စစ်တပ်မှာ ရှမ်းတွေရှိသလို ရခိုင်ပြည်ဘက်က စစ်တပ်မှာလဲရခိုင်တွေ ပါတာပဲလေ။ အဲလိုခွဲခြားမြင်တတ်ဖို့ အမြင်ကျယ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ နိုင်ငံရေးခေါင်းဆောင်တွေ လိုတယ်။ ငါတို့မှ ပိုဖိနှိပ်ခံရတယ် ဆိုတာကတော့ မဟုတ်သေးဘူး။
ခင်မင်စွာဖြင့်
ခင်မင်းဇော်

မဆုမွန် said...

မေ့သမီးရေ...
........ ...............
အစ်မ အခု အပြင်ရောက်တာ လေးနှစ်ရှိတော့..အရေထူသွားပြိ..

စတုန်းကဆို...........................
ပို့စ်လေးကို ထပ်ခါ ထပ်ခါ ဖတ်သွားတယ်...ကျေးဇူးတင်တယ်.

pandora said...

မေ့သမီးရေ
ပို့စ်လေးကို ထပ်ဖတ်သွားတယ်။
ရှေ့က အကိုအမတွေ မှတ်ချက်တွေကပြည့်စုံနေလို့ ထပ်မပြောလိုတော့ပါဘူး
အင်း.. ပြည်ထောင်စုနေ့လည်း နီးလာပြီနော်။