Monday, August 3, 2009

အလွဲ အလွမ်း


ကဗျာရေးချင်နေပေမယ့်

ထွက်လာတာက စာသားတွေ…


အချစ်အကြောင်း အက်ဆေးတပုဒ်ပါဆို

အလွမ်းတအုပ်စာထွက်သွားတယ်။


ဖုန်းဆက်မလို့ ဖုန်းကိုထုတ်

အဲဒီနံပါတ်က မင်းမှမဟုတ်တော့တာ…


ညနေညနေ ညစာပြင်ရင်းနဲ့

အလွမ်းတွေပဲ တွင်တွင်ချက်မိနေတယ်။


စာအုပ်တအုပ်ဖတ်

မင်း Bookmark ကစာအုပ်ကြားမှာ…


ရေချိုးပြီးတော့ ဗီရိုဖွင့်

မင်းလှတယ်ပြောဖူးတဲ့ အကျီ င်္ကလွင့်ကျတယ်။


ကဲ ဘယ်လိုလဲကွယ်

ဘာပဲလုပ်လုပ် မင်းဝင်ရှုပ်နေပါလား

စိတ်တိုတိုနဲ့ အိပ်

အိပ်မက်ထဲမှာ မင်းပုံရိပ်တွေ။

11 comments:

ကိုလူထွေး said...

ကိုယ့်ညီမလိုပြောရမယ်ဆိုရင်တော့...

"ညမလေး... စားပွဲပေါ်မှာ ဒီကဗျာတွေ့တယ်..
ပြောစမ်း ဒီစာထဲကကောင် ဘယ်သူလဲ... ငါ့ကို မှန်မှန်ပြောစမ်း... ငါ ဖေကြီးနဲ့ တိုင်ပြောမှာနော်..."

အဲဒါ အကိုကို လွတ်လပ်ခွင့်မပေးတတ်တဲ့ ညီမအတွက်... (အကင်းပဲ ရှိသေးတယ်)

းD

ကောင်းကင်ပြာ said...

အိပ်မက်ထဲတော့ လာပါစေ ညီမလေးရယ်

ဆောင်းယွန်းလ said...

အလွဲအလွမ်းမဖြစ်န်ူင်ဘူးညီမလေးရေ
တည့်တည့်ကိုလွမ်းနေတော့တာပါလား
ကဗျာလှလှလေးပါပဲ
ဒီလိုအချစ်ကဗျာမျိုးတွေ ရေးတတ်ချင်လိုက်တာ

မေဇင် said...

အိုး....မိုက်တယ်ကွာ...ကဗျာလေးက....းဝ ... သူက ၀င်ဝင်ရှုပ်နေတာပဲနော.်..း)

နဒီမိုးညို said...

ကဗျာလေး..ကောင်းလိုက်တာ
အိမ်မက်ထဲမှာ..ပဲလား..း)

လင်းဒီပ said...

အလဲ့ အလဲ့ အလဲ့ အလဲ့
ဒီကောင်မလေးတော့ မလွယ်တော့ဘူး
ကြည့်စမ်း ကြည့်စမ်း...။
လွမ်းနေပုံက ဖြူးလို့ ဖြောင့်လို့...။

ကျောပိုးအိတ် said...

လွဲတာတောင် တော်တော်လေးလှပတဲ့ကဗျာလေးဘဲ။
အတည့်ဆို ဒီထက်ကောင်းအောင် ဖွဲ့ နိုင်မယ်နော်။

စတာမေ့သမီးရေ။

ကဗျာကောင်းလေးတွေ လာခံစားသွားတယ်။ ခံစားချက်နဲ့ နည်းနည်းတိုက်ဆိုင်တယ်သိလား။
း)

စိတ်စမ်းရေ said...

အလွမ်းတွေပဲချက်နေတော့ စားကောင်းပါ့မလား.......။

Anonymous said...

ဘယ်နေရာမှာမှ မလွတ်အောင် သူပုံရိပ်တွေက အရိပ်လိုကပ်ပါနေတယ်ပေါ့လေ၊
ငါ့ညီမ အလွမ်းမင်းသမီးလေး ဖြစ်နေတော့တာကိုး၊ ကျမ်းမာရေးလည်းဂရုစိုက်အုံး....။
PS: အကိုက ၁၁ရာစုကိုခရီးသွားပြီး ဒုတိယကမ္ဘာစစ်ကိုရောက်နေလို့ ဟေ့...။

နွေဆူးလင်္ကာ said...

အဲလောက်နှောင့်ယှက်နေရင်လည်း ရဲသာ တိုင်လိုက်ပါတော့ဗျာ

မေ့သမီး said...

ကွန့်မန့်တွေအားလုံးအတွက် ကျေးဇူးပါ။ လွမ်းလွန်းလို့ရေးထားတာ။