သူငယ်ချင်းဆိုတာ
ကြယ်တာရာတွေလိုပဲ ညတွေလင်းလက်စေခဲ့တာ
စံပယ်ဖြူတွေလိုပဲ ပန်ဆင်သူကိုမွှေးမြဖြူစင်စေခဲ့တာ
နေခြည်တွေလိုပဲ အရုဏ်ကိုနွေးထွေးစေခဲ့တာ...
လောကဆိုတာ သမုဒ္ဒရာထက်က ရေတပွက်ပါပဲ
အဲဒီခဏလေးမှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့လောင်မြိုက်ကြ
လောကဓံရဲ့ရိုက်ပုတ်ချိန်တိုင်း
ငါ့ရင်ခွင်နန်းက စမ်းရေပြာတွေမှာ
စံပယ်ဖြူတွေတမ်းတမိ
ကြယ်တာရာတွေ ဖွေရှာမိ
နေခြည်တွေစောင့်မျှော်မိနဲ့
မင်းတို့နဲ့ဝေးတော့မှ
ငါ့ကမ္ဘာလေး အထီးကျန်ခဲ့တာ
နောင်အနာဂါတ်တွေဆို
ဒေသကွဲ၊ နေရာလွဲ၊ ပိုင်ဆိုင်မှုအရပ်ရပ်တွေနဲ့
ငါ့ကိုမေ့ခဲ့ရင်တောင်
မင်းတို့ညနက်တွေမှာ ငါ့ကြယ်တွေရှိရဲ့
မင်းတို့ဆံစတွေမှာ ငါ့စံပယ်တွေမွှေးမြရဲ့
မင်းတို့အရုဏ်တွေမှာ ငါ့နေခြည်တွေနွေးထွေးမြဲ
အဲဒါ ငါ့ရဲ့ရာသက်ပန်လိပ်စာ
မင်းတို့သူငယ်ချင်းရဲ့
ရာသက်ပန်လိပ်စာ……။
မိုးအိမ်စည် (သို့) သားကြီး
ဇန်န၀ါရီ ၁၊ ၂၀၀၄ နံနက် ၃း၄၀
14 comments:
၁ ယူတယ်
၂ယူတယ်
၃ ယူတယ်
သူငယ်ချင်းဆိုတာ ဘယ်တော့မှ မမှိန်တဲ့ ကြယ်လေးတွေပါပဲလေ...။
၁ ကော ၂ ကော ၃ကော ယူလို့ ပြီးပြီ ဟီး
သူငယ်ချင်းကဗျာလေးကောင်းတယ်ဗျ
ဆက်ရေးပါဗျို့ 
ကဗျာလေး ဖတ်ရှု ခံစားသွားပါတယ် မေ့သမီးရေ..
yu ya
ဒါကရော သူငယ်ချင်းတွေ စုထုတ်ဖြစ်တဲ့ ကဗျာစာအုပ်ကလေးထဲကပဲလား ညီမ...
းဝ)
အဲလိုသူငယ်ချင်းမျိုး ရှိတာ စိတ်ချမ်းသာစရာပါပဲ.. အားရှိတယ်နော်..။
ကဗျာကောင်းလေးတပုဒ်ပါပဲ...
ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ .. သေချာ ဖတ်သွားတယ်...
Best friend
ဒီကဗျာလေးက သူငယ်ချင်းက ၂၀၀၄ခုနှစ်ရဲ့အစောဆုံး နှစ်သစ်လက်ဆောင်အဖြစ်ရေးပေးခဲ့တာပါ။ သူငယ်ချင်းတွေကို သတိရလို့ရော၊ လောလောဆယ် ကိုယ်တိုင်အသစ်ရေးဖို့မအားလို့ရော သူငယ်ချင်းရဲ့ လက်ဆောင်ကိုဝေငှလိုက်တာပါ။ အားလုံးကိုကျေးဇူးနော်။
ကဗျာခေါင်းစဉ်လေး သဘောကျလိုက်တာ...
ချမ်းမြေ့ပါ၏လော
အနေအထိုင် ဆင်ခြင်ပါ
ကျန်းမာရေးဂရုစိုက်
ချစ်ကိုကို
Post a Comment