Monday, December 15, 2008

မေပျိုးတဲ့ပန်း

နှစ်ရှည်လတိုး
မေပျိုးတဲ့ပန်း
လန်းဆန်းခဲ့ပြီ။


ပန်းတစ်ပွင့်ရဲ့တန်ဘိုး
ဘာနဲ့ဖြတ်ကြမလဲ။
သစ်ခွလိုပွဲဝင်တဲ့ပန်း
ကြာရင်တော့နွမ်းတာပဲ
သဇင်လို့ ရနံ့ကြိုင်
နန်းဆိုင်တဲ့ပန်း
ဘယ်အထိလန်းသလဲ မေ။


မေရေ
ပင်ထက်ဝေေ၀
ကြွေကျမြေသက်
ခြောက်ခြောက်ညှိုးညှိုး
ချောင်မှာထိုးတော့
သစ္စာမပျယ်
ရနံ့ကြွယ်နေ
အမေချစ်တဲ့
ခရေတစ်ပွင့်ဖြစ်ချင်တယ်။

မေ့သမီး

1 comment:

မေဓာဝီ said...

ကဗျာလေးက ချစ်စရာလေး။
အမလဲ ဖြစ်ခွင့်ရရင် ခရေပန်းကလေးပဲ ဖြစ်ချင်ပါဘိ။