Tuesday, December 16, 2008

သင်ယူနေတဲ့ ယဉ်ကျေးမှု

မေ၀ယ်ပေးတဲ့ အင်္ကျီဖြူလေး အခုတော့ ညစ်ထေးမှုတွေနဲ့….
ပျော်ခဲ့ဘူးတဲ့ ကလေးတစ်ယောက် အခုမသန့်စင်တော့ဘူး။

တမာအပြုံးကို သကာဖုံးတဲ့လူတွေရဲ့အပြုံးမျိုး
သမီးမပြုံးတတ်ဘူး မေမေ
ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစဉ်တပ်
လူလယ်မှာပြုံးသလိုနဲ့
နောက်ကွယ်ကခြေထိုး
ယုတ်မာတာမျိုးလည်း
မေ သမီးကိုမသင်ခဲ့ဖူးလေ
ဖေ ပြောတဲ့စကား
လူတော်ကများ
လူကောင်းကရှုားသတဲ့
သမီးလူကောင်းဖြစ်ချင်ခဲ့တာပါ
အခုတော့…..
အသက်တစ်ရက်ထက်တစ်ရက်
ပိုဆက်လာသလို
သမီး အတွေ့အကြုံတွေလည်း
ပိုခဲ့ပြီလေ
လူတွေမှားရင် သမီးကခွင့်လွှတ်
သမီးမှားတော့ လူတွေရဲ့မျက်လုံး
သမီးဘ၀ဆုံးသွားတယ်။

1 comment:

ဖြိုးဝေတိုး said...

ရှေ့တမျိုး နောက်တမျိုး နဲ့
မဟုတ်ပဲ ရိုသား မာနကင်းစင်
တဲ့အပြုံးက လှပပါတယ်
အဲဒီအပြုံးနဲ့ နေ့တိုင်းဘဝကိုလှမ်းနိုင်ပြီး
အတွေ့အကြုံအသစ်တွေနဲ့
တရက်ထက် တရက်ပိုပြီး
ရင်ကျင့်နိုင်ပါစေကွယ် ညီမငယ်

ခင်မင်စွာဖြင့်
ဖြိုးဝေတိုး(MoetAin)