လွမ်းရတာတွေများလို့
ငါ့ရင်ဘတ်မှာအက်ကြောင်းတွေနဲ့
အနာဂါတ်ကမှုန်ဝါးဝေသီ
အိမ်ပြန်ချိန်လည်း ဝေးဝေးလာပြီ။
လွမ်းရတာတွေများလို့
အိပ်မက်တွေမှာတောင်မျက်ရည်ရွှဲ
အဝေးကအမေ့အိမ်ရယ်
မြို့ငယ်ငယ်လေးရယ်
ခနောခနဲ့လမ်းကလေးရယ်
င၀န်မြစ်ကြီးရယ်
တောင်တန်းနဲ့ပင်လယ်ပေါင်းစပ်မှုရယ်
မြင့်လိုက်နိမ့်လိုက် ဘ၀တွေရယ်
ငါတို့ ဘယ်တော့ဆုံနိုင်မလဲ...။
လွမ်းရတာတွေများလို့
ကြယ်တွေတောင်ပုန်းနေကြတယ်။
လပြည့်တစ်ညကိုအမှတ်ရတယ်
ညမွှေးပန်းရနံ့ရယ်
အိမ်ရှေ့ကဂစ်တာသံရယ်
လဖက်သုပ်ပွဲနဲ့
မောင်နှမစကားဝိုင်းရယ်
ငါတို့ဝေးနေတုန်းပဲ ရှိသေးတယ်။
လွမ်းရတာတွေများလို့...............
လွမ်းရတာတွေများလို့..............
လျှပ်စစ်လိုင်းကထွက်တဲ့ပုံရိပ်
ကြိုးမဲ့လှိုင်းကစကားသံတွေ
ထူးအိမ်သင်ရဲ့ “အမေ့အိမ်”
ဒါတွေအားလုံးကိုထားရစ်
အမေ့အိမ်အစစ်ကို ပြန်ရောက်ချင်လှပြီ။
ရောင်နီတွေနဲ့ ဒို့အတူ
1 hour ago
3 comments:
အမေ့အိမ်ကိုလွမ်းသွားတယ်ဗျာ
ငဝန်မြစ်ကြီးဆိုလို့ အကိုပါဝင်လွမ်းသွားတယ်ညီမရေ...
မိုးဝသန်
အမေအိမ်အစစ်ကိုပြန်ရောက်ချင်လှပြီးတဲ့လား။
ရောက်မှာပါနော်။
Post a Comment