Friday, December 26, 2008
အမှတ်တရ ဒါလတ်
တမင်တကာပျိုးယူခဲ့တဲ့
အစိမ်းရောင် သစ်ပင်တွေကိုကြည့်ရင်း
သဘာဝရဲ့ တောစိမ်း၊ တောင်စိမ်းတွေကို သတိရ
ပန်းတွေပွင့်တဲ့မြို့ကလေးကို အမှတ်ရလို့...............
ဒီဇင်ဘာက မိုးအကုန်ဆောင်းအကူးတဲ့
လေအေးတွေက ငါ့ကိုအလုအယက်တိုးဝင်
အေးစက်နေတဲ့ကြားက ငါမနွေးထွေးချင်ခဲ့ပြန်ဘူး
နေ့ဘက်ဆို နေရောင်နဲ့တလက်လက်ဖြစ်နေတဲ့ ရေကန်ကြီးရယ်
ညဘက်ဆိုမီးရောင်တလက်လက်အောက် ကပန်းပွင့်တွေ
လူတွေလှုပ်ရှားနေတဲ့ ညဈေးတန်းလေး
ချစ်စရာရိုးသားတဲ့ ကလေးငယ်တွေ
အဲဒီအရာတွေကြားမှာ ငါပျော်ခဲ့၊ ၀မ်းနည်းခဲ့၊ မျက်ရည်ကျခဲ့.......
ငါတို့ခွဲကြရတုန်းက
တောင်တွေကမြင့်လိုက်၊ နိမ့်လိုက်နဲ့
ပြေးလိုက်လာသေးတယ်
လေအေးလေးတွေက မြို့အ၀င်အထိလိုက်ပို့ကြ
ပန်းတွေကယိမ်းနွဲ့လို့ ၀ိုင်းဆို
“နောက်တစ်ခေါက်ပြန်လာခဲ့နော်”တဲ့
အစိမ်းရောင်တောင်တန်းတွေရယ်
ရေကန်ကျယ်ကြီးရယ်
လှေကားထစ်စိုက်ခင်းတွေရယ်
အရောင်စုံတဲ့ပန်းတွေနဲ့
ဒါလတ်ဆိုတဲ့မြို့ကလေးရေ
ငါမင်းကို ဘယ်တော့မှ မမေ့ပါဘူးကွယ်။
မေ့သမီး
Subscribe to:
Post Comments (Atom)
3 comments:
ရွာကိုလွမ်းသွားလောက်အောင်ကို ကဗျာလေးက ဆွဲဆောင်မှုရှိတယ်ဗျာ
ထွဏ်းခမ်းဆိုထားတဲ့ ကျေးလတ်တောင်တန်း သီချင်းလေး နားထောင်ကြည့်ပါလား။
ဒီကဗျာလိုပဲ သတိရစေတယ်
ကြည်နူးစရာလေးပါဗျာ..
ကဗျာလေးကောင်းပါတယ်။
မိုးကြယ်
Post a Comment