Wednesday, January 28, 2009

တယ်လီဖုန်း


တယ်လီဖုန်းတဲ့
နာမည်ကသုံးလုံးထဲ
သူအသုံးကျပုံက
ပြောမဆုံးအောင်။
နယ်ဝေးကမိဘ
သား၊ သမီးအသံကြားရ
အလွမ်းစကြွေတယ်။
အဝေးကခင်ပွန်း
လွမ်းလွန်းရင်ဆက်
ဇနီးရတက်ပြေဖွယ်။
ကိုယ့်အတွက်တော့
အဲဒီတယ်လီဖုန်း
အမေ့ဆီဆက်
အဖေ့ဆီဆက်
နောက်ပြီးတော့
နေ့စဉ်တိုင်းအတွက်
သတိရရင်ဆက်
သူနဲ့ကိုယ့်ကြား
ချည်နှောင်ကြိုးမျှင်
သံယောဇဉ်တံတား
သက်မဲ့မြားနတ်မောင်အလားလေ။

မေ့သမီး

9 comments:

pandora said...

ဟုတ်တာပေါ့
အဲဒီတယ်လီဖုန်းလေး ရှိနေပေလို့ :)

Welcome said...

ဒီလောက်အသုံးဝင်နေမှတော့
ဈေးကလည်း ခေါင်ခိုက်နေတာ မဆန်းပါဘူးနော်။
ဒါပေမယ့်လည်း အသုံးတည့်လွန်းပါတယ်။

အောင်မြေ said...

မရှိလို့ မဖြစ်ဘူးနော်။ သိပ်အရေးကြီးတယ်။
(လိုင်းမကောင်းရင် စိတ်ညစ်တယ်)

ဆောင်းယွန်းလ said...

ကဗျာလေးကောင်းတယ်ညီမလေး..သိပ်မှန်တာပေါ့..
ဂရေဟမ်ဘဲလ်ကိုကျေးဇူးတင်ရမှာနော်..အကိုလည်းအိမ်
ကိုဖုန်းဆက်နေတာ၂ပတ်ရှိပြီ.ခုထိမရသေးဘူး.ဘာဖြစ်
နေတယ်မသိပါဘူး.ညီမလေးကဗျာဖတ်လိုက်ရမှဖုန်းထပ်ဆက်ဖို့သတိထပ်ရ
သွားပြန်တယ်...
ခင်မင်လျက်

ဖြိုးဝေတိုး said...

ဖုန်း ဟုတ်တယ်ဗျာ ....အရမ်းအသုံးဝင်လို့
မရှိမဖြစ်ပစ္စည်းပဲ

Anonymous said...

:)
ရေးတတ်ပါ့နော်.. ကောင်းတယ်

Anonymous said...

တယ်လီဖုန်းလေးရယ် မင်းကိုပဲအပြစ်တင်တောမယ်...ဆိုတဲ့ သီချင်းလေးကိုတောင် သွားသတိရတယ်။း)

လင်းဒီပ said...

သက်မဲ့မြားနတ်မောင်ဆိုတဲ့ အသုံးလေးက လှလိုက်တာ..မှတ်ထားဦးမှ..:P

ကိုလူထွေး said...

ကလင် ကလင် ကလင်...