Friday, January 16, 2009

ဖြစ်ချင်တာနဲ့ ဖြစ်နေတာ

ကျွန်မနေထိုင်ရှင်သန်ရတဲ့ ကမ္ဘာကြီးကို အမြဲတမ်းစိမ်းလန်းသာယာပြီး ငြိမ်းချမ်းစေချင်လိုက်တာ။ ပန်းကလေးတွေနဲ့၊ တောင်တန်းတွေနဲ့၊ ချစ်စရာကောင်းတဲ့ကလေးငယ်တွေနဲ့၊ ပြည်သူအပေါ်ကို စေတနာ၊ မေတ္တာထားမယ့် အစိုးရတွေနဲ့ပေါ့။ နိုင်ငံအချင်းချင်းလည်းတစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးသန်းရောင်းဝယ်၊ စီးပွားရေးလုပ်ကြ။ အပြန်အလှန် လည်ပတ်သွားလာကြ။ ယဉ်ကျေးမှုတွေဖလှယ်ကြ။ အပြုသဘောဆောင်တဲ့ နည်းပညာတွေဖွံ့ဖြိုးအောင် ဆောင်ရွက် ကြ။ စိုက်ပျိုးရေးနိုင်ငံ၊ စက်မှုနိုင်ငံ၊ ကုန်သွယ်ရေးနိုင်ငံ ကိုယ်စီကိုယ်စီဖွံ့ဖြိုးစည်ပင်လို့။ အစာရေစာမထွက်တဲ့နိုင်ငံကို အစားအစာပေါများတဲ့နိုင်ငံက အစာရေစာတွေတင်ပို့ရောင်းချ၊ စက်မှုထွန်းကားတဲ့နိုင်ငံတွေက စက်မှုပစ္စည်းတွေကို တခြားနိုင်ငံတွေကိုပို့။ နယ်မြေလည်းမလုကြနဲ့တော့။ အကြမ်းဖက်တာတွေလည်း ရပ်ဆိုင်းလိုက်ကြတော့။ ကိုယ်ယုံကြည်ရာဘာသာကို ကိုးကွယ်ကြ။ ဘာသာရေးကိုအရောင်ဆိုးပြီး နှိပ်စက်တာတွေလည်း မလုပ်နဲ့တော့။ သဘာဝဘေးအန္တရာယ်တွေကိုလည်း အတူတူကာကွယ်ကြမယ်။ မွေးဖွားလာကြ၊ ရှင်သန်ချိန်တိုတိုလေးမှာ တစ်ယောက်နဲ့တစ်ယောက် ရန်မမူကြပဲ ကိုယ့်ပတ်ဝန်းကျင်ကိုအကျိုးပြုကြ။ လေထုတွေ ရေထုတွေ ညစ်ငြမ်းမှုမဖြစ် အောင် သတိထားကြ။ သစ်တောတွေကိုထိန်းသိမ်းကြ။ ပင်လယ်ကမ်းခြေတွေကိုမပျက်စီးအောင် ဂရုစိုက်ကြ။ အိုဘယ်လောက်များငြိမ်းချမ်းလိုက်မလဲ။ အတွေးထဲမှာတောင် အေးချမ်းသွားတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာကို ဒီပုံတွေကိုကြည့်ရင်တွေ့ရမှာပါ။

(ဒါဖာဒေသက ဒုက္ခသည်ကလေးတစ်ယောက် အစားအစာခွဲတမ်းရဖို့အတွက်စောင့်နေတာ။)

(စီချွန်ငလျင်လှုပ်တုန်းက။)

(ကွန်ဂိုအရှေ့ဘက်မှာခရီးသည်တင်လေယာဉ်ပျက်ကျသွားတဲ့ပုံပါ။)

(ဒါကတော့ အားလုံးသိပြီးတဲ့အတိုင်း ဒေးဒရဲဘက်မှာ အကူအညီတွေလာဖို့စောင့်နေတဲ့ နာဂစ်ဒုက္ခသည်တွေလေ။)

(အာဖဂန်နှစ္စတန်မှာ တာလီဘန်တွေနဲ့ အမေရိကန်မရင်းတပ်တွေရဲ့ အနီးကပ်တိုက်ပွဲ)

(ကယ်လီဖိုးနီးယားမှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့အဖွဲ့ကိုလိုက်လံချေမှုန်းရင်းနဲ့ အနီးအနားကျောင်းကကလေးတွေကို အရေးပေါ်ဖယ်ရှားရတဲ့အခါ)

(အာဖဂန်ဒုက္ခသည်ကလေးတစ်ယောက် ဒုက္ခသည်စခန်းမှာ သဲမုန်တိုင်းကိုရှောင်ပုန်းနေတဲ့ပုံ။)


ပုံတွေကိုဒီကယူထားတာပါ။


မေ့သမီး


7 comments:

မောင်ဖားကြီး said...

ငြိမ်းချမ်းရေး ကိုမြတ်နိုးတဲ့ လူငယ်တစ်ယောက်မှန်း သိသာပါပေတယ်

ATN said...

တကမ္ဘာလုံးမှာတော့ အဲလို မငြိမ်းချမ်းမှုတွေနဲ့ နေရာအနှံ့ပါပဲ... စစ်လက်နက်ပစ္စည်းတွေမှာ သုံးနေတဲ့ ကုန်ကျငွေတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေမှာသာ သုံးနိုင်ကြရင် ဘယ်လောက် ကောင်းလိုက် မလဲလို့ တွေးမိပါရဲ့...

Anonymous said...

ိစိတ်ညစ်စရာကြီးနော်။ ကလေးတွေသနားပါတယ်။
အခုလဲ စစ်ဒဏ်ခံရ..မသေလို့ ကြီးလာရင်လဲ အပျက်အစီးကြားကနေ ဘ၀ကို မနည်းတည်ဆောက်ရအုံးမယ်။
THS

Unknown said...

ဟုတ်ပ ကျနော်လည်းငြိမ်းချမ်းစေချင်တယ် လောကကြီးကို ကျနော်အမုန်းဆုံးက စစ်ပွဲတွေပဲ အပြစ်မဲ့ဆုံး ခလေးတွေ အသက်ဆုံးတာတွေ တွယ်ရာမဲ့သွားတာတွေ ကို မြင် သိ ကြားရတဲ့အခါ........

လူတွေလောဘငြိမ်းမှ စစ်ပွဲတွေငြိမ်းမှာလေ။

ဥပသကာ

Anonymous said...

ပုံတွေတွေ့ရတာ စိတ်မချမ်းသာလိုက်တာဗျား( တကယ်ဆို ခလေးတွေရဲ့ ဘ၀က အဖြူထည်လေးတွေပဲဖြစ်သင့်တာ အခုတော့ ။

Anonymous said...

အင်း.. သနားစရာ အနိဋ္ဌာရုံတွေ....

Unknown said...

ငြိမ်းချမ်းရေးအတွက်...လူတိုင်း မျှော်လင့်ခဲ့ကြတယ်..
ဘယ်အချိန်မှာ ဒီလို အဖြစ်ပျက်တွေ ပျောက်ကွယ်သွားမှာလဲ...
အနာဂါတ်ကလေးငယ်တွေကို မထိခိုက်စေချင်ဘူးဗျာ..