Saturday, February 28, 2009

ညနေစောင်းတဲ့အထိတော့
ဒါကဘတ်စကတ်ဘောကွင်း
အခုသူက ကိုယ့်ရဲ့နိဗ္ဗာန်ငယ်
ကျောချလိုက်တဲ့အခါ
သံပန်းကွက်ခုံတန်းလေးက အေးမြလို့
မီးခိုးရောင်ကောင်းကင်ရဲ့အရှေ့မှာ
တိမ်တွေကတရွေ့ရွေ့နဲ့ လမ်းသလားနေကြတုန်း
လေပြေလေးတွေကတော့ ၀င်တချက်ထွက်တချက်နဲ့
ညကတော့ စက်သပ်ထားသလို ငြိမ်သက်နေလေရဲ့
မလှမ်းမကမ်းက မီးလင်းနေတဲ့အခန်းတွေကိုကြည့်
တချို့က ခန်းဆီးတွေချ
တချို့က ကန့်လန့်ကာတွေမလို့
စာကြည့်နေတဲ့ ကျောင်းသားအချို့ကို
မသဲမကွဲမြင်ရတယ်
ငါ ဒီညစာမဖတ်ချင်ဘူး
စိတ်ကူးတွေရပ်လိုက်ရမှာစိုးလို့
ဂစ်တာမတီးချင်ဘူး
ညရဲ့ဂီတကိုရင်ခုန်ချင်သေးတယ်
မီးလုံးကလေးတွေ မှိတ်
ကြယ်ကလေးတွေလည်းအိပ်လို့
နောက် ငှက်အော်သံတွေတိတ်ဆိတ်လာတဲ့အခါ
(ဖုန်း)နံပါတ်တစ်ခုချင်းစီကိုနှိပ်
ရင်ခုန်သံတဒိတ်ဒိတ်နဲ့
ဒီညအိပ်မက်လေးလှပါစေလို့ ဆုတောင်းရင်းပေါ့...။

၁၈.၀၂.၂၀၀၉

7 comments:

khin oo may said...

ခံစားလို့ရတယ်။ ရိုးရိုးရှင်းရှင်းလေး ပီပြင်တယ။်

လင်းဒီပ said...

ငါ ဒီညစာမဖတ်ချင်ဘူး
စိတ်ကူးတွေရပ်လိုက်ရမှာစိုးလို့
ဂစ်တာမတီးချင်ဘူး
ညရဲ့ဂီတကိုရင်ခုန်ချင်သေးတယ်
နောက် ငှက်အော်သံတွေတိတ်ဆိတ်လာတဲ့အခါ
(ဖုန်း)နံပါတ်တစ်ခုချင်းစီကိုနှိပ်
ရင်ခုန်သံတဒိတ်ဒိတ်နဲ့
ဒီညအိပ်မက်လေးလှပါစေလို့ ဆုတောင်းရင်းပေါ့...။


ကောင်းတယ်..
စိတ်ကူးတွေ ဆက်လက်စီးဆင်းအောင် လွှတ်ထားလိုက်..
ညရဲ့ဂီတထဲမှာ...
အဝေးကဖုန်းခေါ်သံလေးဟာ အခြားတဖက်ကိုလည်း ပျော်ရွှင်စေမှာ အသေအချာ..

Anonymous said...

အဟီး.. မိုက်တယ်.. တစ်ယောက်တည်းဖြစ်နေတယ်.. သွားရောလိုက်ရင်ကောင်းမလား.. :D

Anonymous said...

ဟေ့... ငါ့သမီးစာဖတ်နေတယ်.... အဲမှားလို့ ငါ့သမီး ဘဲဘဲအကြောင်းစဉ်းစားနေတယ်၊

ဆောင်းယွန်းလ said...

အဲဒီညရဲ့ဆုတောင်းလေးပြည့်သွားလား ညီမလေး...
တခါတလေ အဲဒီလို တစ်ယောက်တည်းတွေးငေး စဉ်းစားဆုတောင်းနေရတာတွေကလည်း အထီးကျန်ဆန်သလိုလိုနဲ့ ငြိမ်းအေးမှုကိုပေးတတ်ပါတယ် ညီမလေးရေ....

Welcome said...

အိပ်မက်လှလှမက်ပါစေဗျာ ..

မမသီရိ said...

မေ့သမီးလေး..
မေမေ့ ဆီ က ဖုန်းဝင်လာတယ်..း)
...
ကောင်လေး အကြောင်း စဉ်းစားနေတုန်းမှာနော်..း)