Saturday, April 4, 2009

ပျို့စိတ်


တွေ့ပြန်တော့ ကျဉ်

မမြင်တော့လွမ်း

တမ်းတပေါင်နှုတ်ကမြွက်

မှန်းခက် စိတ်ဝမ်း။ ။


(မနေ့ကကျောင်းမှာ စာဖတ်နေရင်းနဲ့ ကဗျာရေးချင်စိတ်ပေါ်လာလို့ စာအုပ်နောက်ကျောမှာ ခဲတံနဲ့ခြစ်လိုက်တဲ့ ကဗျာလေးပါ)

11 comments:

ဆောင်းယွန်းလ said...

စိတ်ဆိုတဲ့အမျိုးက တော်တော်လေး မှန်းရခက်သားကလားပါလား ညီမလေးရေ

တွေ့ပြန်တော့ ပိုပြီးတွေ့ချင်
မမြင်ရတော့လည်း လွမ်း
ကိုယ့်ညီမရဲ့ စိတ်တွေမနွမ်းပါစေနဲ့ကွယ်

လင်းဒီပ said...

အဲ
ပျို့စိတ်ကလေး မှန်းရခက်တယ်ပေါ့..ဟားဟား...
ကောင်လေး သနားပါတယ် သမီးရယ်..:P

တီချမ်း said...

ရင်မှာမီးတောက်
ဖင်မှာချီးခြောက်
အဲတာမင်းကြောင့်
ခိခိ
အဲတာ ဖြူဖြူကျော်သိန်း ရဲ့ ကဗျာ လို့ပြောကြတာပဲ
သူကလဲ ဟိုက္ကူပေါ့ ခိ

တီချမ်း said...

နင်ပန်ဖို့ ပန်း
ရင်မှာအမြဲလန်း
ချစ်တဲ့သူနင့်အတွက်
ပေးဖို့တဲ့မှန်း.........................

ကဲကဲရော့အလျော်လာပေးတယ စိတ်ဆိုးနဲ့တော့
ဒါတီ့ရဲ့ လက်တန်းပဲ

Moe Cho Thinn said...

မိန်းကလေးတွေရဲ့ မ၀ံ့မရဲ စိတ်ကလေးကို ပေါ်လွင်အောင် စပ်နိုင်ပါတယ် ညီမရေ။

ဧည့်သည်ကြီး ကဗျာစပ်တာ အမ အဖေ ဟုတ်ပါတယ်။ ကဗျာဆရာ တင်မိုးပါ။ ညီမ ကွန်မန့်ထဲမှာ လာမေးထားလို့ လာပြောတာပါ။

Unknown said...

မေ့သမီး....

အချစ်က ပူတယ်ဗျ...

အဖွားကလည်း ဆူနေတယ်...

သတိထားနော်...

ကျနော်ကတော့ ပိုးဖလံမို့... မထူးတော့ပါဘူးလေ...

မေ့သမီး ပူမယ်နော်....

ပျော်ရွှင်ပါစေဗျာ...

သင်္ကြန်အခါသမယမှာပေါ့....

လွမ်းလိုက်အုံးမယ်ဗျာ...

မင်းအိမ်ဖြူ Minn Eain Phyu said...

မင်္ဂလာပါ ၊၊ ကဗျာလေးလာ ဖတ်ပါတယ် ၊၊ အေးချမ်းပါစေ ၊၊

စိတ်စမ်းရေ said...

ဟုတ်တယ်နော် စိတ်ဆိုတာ မှန်းရခက်တယ်...။

Anonymous said...

ရင်ထဲမှာ ခံစားနေမိတဲ့ လွမ်းဆွတ်မှုတစ်ခုအတွက်တော့ မတမ်းတပါဘူးဆိုပြီး ဒီပါးစပ်က ရေရွတ်နေလို့လည်း သူကပျောက်သွားမှာ မဟုတ်ပါဘူး။ စိတ်ဆိုတဲ့ အရာကလည်း တကယ်တော့ တော်တော်ကို မှန်းဆရခက်ပါတယ်။ ဒါပေမယ့် သူ့ကြောင့်ပဲ ကျွန်တော်တို့ မှန်းဆဖို့မလွယ်တဲ့ အကြောင်းတရားတွေကို မှန်းဆနိုင်လာကြတယ်။ လေးကြောင်းတည်းပေမယ့် အဓိပ္ပါယ်ပြည့်စုံပြီး အချိတ်အဆက် ထိညိလွန်းတဲ့ ကဗျာ တစ်ပုဒ်ပါပဲ ....

ကိုလူထွေး said...

အဲဒါကြောင့်ထင်တယ်... လူ့ စိတ်က ဝူခုံးစိတ် လို့ ပြောတာ...

Sein Lyan Tun said...

မှန်းရမခက်အောင်
ပွင့်လင်းသင့်သလားလို့