Wednesday, April 22, 2009

သတင်းပေးခြင်း

စာတွေများနေပေမယ့် သတင်းကောင်းလေးတခုမျှဝေ ပေးချင်စိတ်ပေါ်လာလို့ပါ။ International Passport လျှောက်လို့ရတဲ့ဆိုဒ်တစ်ခုပေးမလို့ပါ။ အဲဒီဆိုဒ်ကနေ ကိုယ့်နာမည်အပြည့်အစုံ၊ ပတ်စ်ပို့ကိုင်ထားတဲ့ နိုင်ငံရိုက်ထည့်လိုက်ရင် ကိုယ့်ရဲ့ပတ်စ်ပို့သူတို့ထဲက database မှာရှိမရှိရှာကြည့်ပေးပါတယ်။ နိုင်ငံတကာပတ်စ်ပို့ကိုင်ရရင် ကောင်းတာပေါ့နော်။ သွားချင်ရင် ဒီလင့်ကို နှိပ်နော်။

7 comments:

လင်းဒီပ said...

တွားဘူးဟေ့..သိပြီးသား...:P

မေ့သမီး said...

ကိုလင်း လူလည်။ ကိုယ့်ညီမလေးက လွှတ်တာပဲ။ သွားလိုက်ပါလား။ ဘာနစ်နာသွားမှာမို့လို့။

ကလူသစ် said...

international pp ဆိုတာ သိတ်နားမလည်ဘူး။

ကိုလူထွေး said...

ဆိုင်မဆိုင်တော့ မသိဘူး။

ဥရောပက တယ်လီဖုန်း ကုမ္ပဏီကြီးတစ်ခုက သူ့ ဖောက်သည်တွေရဲ့ နာမည်တွေ လိပ်စာတွေ ဘဏ်နံပါတ်တွေကို တဆင့်ဆက်ပြီး ရောင်းစားလိုက်လို့  တရားရုံးကနေ တရားစွဲဆိုခံလိုက်ရတယ်တဲ့...

JulyDream said...

ဒါမျိုးတွေ ရိုးနေပါပြီ။ ခံရပေါင်းလည်း မနည်းတော့ဘူးလေ။ အဟား... =)

ဖိုးဂျယ် said...

ငှဲ ငှဲ ခံပြီးသွားပြီကွယ်း)
ထပ် မခံတော့ဘူး။ မမ လူဆိုး သိပ်နောက်း)
ပျော်လို့ စသွားတယ် စိတ်မဆိုးဘူး ဟုတ်း)

Phu Mon said...

မမေ အရမ်းနောက်တယ်နော်... အတည်ပေါက်ကြီးနဲ့.. ဟဟ