ကျွန်မအမေနဲ့တကျောင်းတည်းလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းရဲ့အမျိုးသားကစစ်တပ်က တပ်ကြပ်ကြီးပါ။ သူကျွန်မ ရန်ကုန်ကနေအိမ်တခေါက်ပြန်တော့ ကျွန်မကိုမြင်ဘူးချင်လို့ဆို အိမ်ရောက်လာပါတယ်။ စကားပြောကြရင်းနဲ့ နိုင်ငံရေးအကြောင်းတွေပြောဖြစ်ကြရော။ သူ့ကိုစစ်တပ်ထဲမှာတခါတလေ လူသစ်တွေအတွက် စင်ပေါ်တက်ပြီး စည်းရုံးရေးစကား ပြောခိုင်းပါသတဲ့။ အဲဒီမှာတခါသူကဘာပြောသလဲဆိုတော့ “ငါတို့သည်နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်လို့ သစ္စာဆိုထားတာ။ ငါတို့သည် မည်သူမည်ဝါ၏သစ္စာကိုစောင့်သိပါမည်လို့ ဆိုထားတာမဟုတ်ဘူး။ အဲဒီတော့ နိုင်ငံတော်နဲ့ နိုင်ငံသားရဲ့အကျိုးကိုကြည့်ရင်တော်ပြီ” လို့ပြောခဲ့ပါသတဲ့။ အဲဒီနေ့ကသူ့တပ်ရင်းမှုးကောင်းလို့ သူအလုပ်မပြုတ်ပေမယ့် ရာထူးလည်းတက်မလာတော့ဘူး။ သူ့ကိုလည်း စည်းရုံးရေးအတွက် တခါမှစင်ပေါ်မတက်ခိုင်းတော့ဘူးတဲ့။ အဲဒီအခါမှ စစ်သားတွေဆိုနေရတဲ့ သစ္စာအဓိဌာန်ကို ကျွန်မလေးလေးနက်နက်စဉ်းစားမိပါတယ်။ တကယ်ဆိုနေရတဲ့ စစ်သားတွေရောအဲဒီဦးလေးလိုစဉ်းစားကြည့် မိပါရဲ့လား။ တကယ့်တပ်မတော်သားတွေရဲ့ စိတ်ဓါတ်ရှိကြပါရဲ့လားလို့။
Sunday, July 19, 2009
တကယ့်တပ်မတော်သား
Subscribe to:
Post Comments (Atom)
9 comments:
တစ်ချို့တွေက တိုင်ပေးလို့ အလွတ်ကျက်မှတ်ထားလို့သာ ဒီအချိန်ရောက်ရင် ဆိုရမယ်ဆိုလို့သာ ရွတ်ဆိုနေကြတာပါ။ သူတို့တွေထဲမှာ သေချာ ဂဃဏန စဉ်းစားကြတဲ့သူ ရှားပါးပါလိမ့်မယ်။
အမှန်တရား နှင့် ယုံကြည်ချက်ကို တို့မြေမှာ သွားမရှာနဲ့။ အသက်ပါပျောက်သွားလိမ့်မယ်။
တချို့ကလည်းအောင်မှတ်ရရင်ပြီးရောဆိုပြီး အလွတ်ကျက်ထားတာမျိုးပေါ့ညီမလေးရေ
စစ်သားဆိုတာ ပြည်သူ့ရင်ဖွား ပြည်သူ့သားတွေပါ ညီမရေ...
အမှန်တကယ် ဆိုးပေမိုက်ကန်း... ယုတ်မာပက်စက်...ကောက်ကျစ်သွေးဆာနေသူတွေက ပြောရရင် လက်တဆုပ်စာပါ...
အဲဒီလက်တဆုပ်စာကို တော်လှန်နိုင်ရင် တို့နိုင်ငံကြီးအေးချမ်းမှာ အသေအချာပါ...
းဝ)
လူတော်လူကောင်းတွေ ရှားလွန်းတဲ့ခေတ်မှာ
တော်လိုက်တဲ့ တပ်ကြပ်ကြီးဗျာ...
ကောင်းလိုက်တဲ့ တပ်ကြပ်ကြီးဗျာ...
မေ့သမီးရေ
အဲဒီလို လူကတော့ တကယ်လေးစားစရာပါကွာ
ခင်မင်စွာဖြင့်
သီဟသစ်
ကိုယ့်ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောရဲသူ
အဲလိုလူမျိုးကို လေးစားပါတယ်.....။
နေရာ .. နေရာ ... နေရာ
ရှိထားတဲ့ အရာလေးပျောက်သွားမှာ စိုးစိတ်လေးက
အားလုံးကို တားထားတာ ...
ဆရာလုပ်တယ်လို့ မထင်ပါနဲ့။ ဒီဘလော့ခ်ရဲ့ စတိုင်နဲ့ အထာတွေကို မပြောင်းစေချင်ဘူး။ အခုဟာက နည်းနည်း ဟိုဘက်ရောက်သွားသလားလို့။ စည်းခြားထားစေချင်ပါတယ်။ ဒီဘလော့ခ်လေးကို သံယောဇဉ်ရှိလို့ ပြောတာပါ။
Post a Comment