Tuesday, July 28, 2009

လမ်းဆုံ

ဘ၀မှာပြုံးလိုက်ရယ်လိုက်မဲ့လိုက်နဲ့ အသက်သာ ၂၄ကျော်သွားခဲ့တယ်။ အိပ်မက်တွေတလှေကြီးထမ်းလာခဲ့ပြီးမှ ရှေ့ဆက်မရအောင် ခါးလည်ကရိုက်ချိုးခံလိုက်ရသလိုမျိုး။ သယ်ဆောင်လာခဲ့တဲ့အိပ်မက်တွေစိတ်ကူးတွေကို ပစ်ချပြီး နောက်ပြန်လှည့်၊ အမေ့အိမ်ပြန်ပြီး ကျန်နေတဲ့သက်တမ်းကို အမေနဲ့အေးအတူပူအမျှဖြတ်သန်းရမလား။ အချိန်ရှိနေ သရွေ့မျှော်လင့်ချက်ရှိနေပါတယ်ဆိုပြီး နောက်ပြန်မဆုတ်စတမ်း ဇွဲခတ်ပြီးဆက်ရုန်းကန်ရမလား။ ဘာပဲဖြစ်ဖြစ် ကျန်ရှိနေတဲ့ဘ၀သက်တမ်းတလျှောက်မှာတော့ ကိုယ်ဟာအရင်တုန်းကလို သာမာန်လူတယောက်မဟုတ်တော့ပြီ။ ကိုယ်ခန္ဓာထဲက ကလီစာတခုကိုငုံ့ကြည့်၊ ပိုဆိုးမလာဖို့အရေး အစားပေါင်းစုံရှောင်၊ ဆေးတွေနေ့တိုင်းလက်တခုပ် ကြီးသောက်ပြီး နေသွားရတော့မှာ။ သူများတွေလိုကိုယ်အင်္ဂါတခုခုချို့ယွင်းသွားတာမှမဟုတ်တာလို့ ဖြေသိမ့်ရင်ရ သေးပေမယ့် ခြေထောက်ပြတ်၊ လက်ပြတ်သွားရင် ဒီအစားအသောက်တွေရှောင်စရာမလိုဘူးလေ။ ဘေးပတ်ဝန်းကျင် ကလူတွေအားပေးသလို ဒီနိုင်ငံမှာပိုက်ဆံတွေအများကြီးကုန်စရာမလိုဘဲ ဆရာကောင်း၊ သမားကောင်းတွေနဲ့ ကုခွင့်ရတာကံကောင်းပါတယ်တဲ့။ ဟားတိုက်ပြီးပဲရယ်ပစ်လိုက်ချင်တယ်။ ဘာကိုကံကောင်းတာပါလိမ့်။ ကျောင်းက ကျန်းမာရေးအာမခံလုပ်ပေးထားလို့ ဆေးကုစရိတ် ၉၀ရာနှုန်းကင်းလွတ်ခွင့်ရနေတာလား။ ဆေးရုံသွားပြတိုင်း တခါသွား ၁၆ကျပ်ပဲပေးရတာကို ကံကောင်းတယ်လို့ပြောတာလား။ ဒါဆို ကိုယ်ဖြစ်တဲ့ရောဂါမျိုးသူတို့မဖြစ်ကြ တော့ သူတို့ကံဆိုးရှာတာပေါ့နော်။ သူငယ်ချင်းတယောက်ကတော့ result တွေသိရပြီးညနေပိုင်းဖုန်းဆက်တော့ ရယ်မော ရှင်းပြနေတဲ့ကိုယ့်ကို စိတ်ဓါတ်မကျဖို့အားပေးလိုက်သေးတယ်။ နင်မို့လို့တဲ့ ငါဆိုအခုလောက်ဆို အော်ငိုနေပြီတဲ့။ အော် အော်ငိုနေလို့ရော ငါကလူကောင်းပကတိပြန်ဖြစ်လာမှာလား။ နောက်ဘယ်တော့ကြာရင် ဆေးရမယ်မှန်း၊ လဲရမယ်မှန်းမသိတဲ့ ကျောက်ကပ်ကြီးကအမေမွေးတုန်းကအတိုင်း အသစ်လိုပြန်ကောင်းမှာလား။ အဲလိုပြန်ကောင်းမယ်ဆိုလို့ကတော့ ငါနေ့စဉ်ရက်ဆက်အော်ငိုနေလိုက်မှာပေါ့ သူငယ်ချင်းရေ။ အခုတော့ ကိုယ့်မှာစဉ်းစားစရာတွေ ရှိလာပြီ။ နောက်ပြန်ဆုတ်မလား။ ရှေ့ဆက်သွားမလား။ တခါတလေကျတော့လည်း ရွေးချယ်ခွင့်ကကိုယ်တိုင်ဆီမှာ မရှိပြန်။ ကိုယ်ကသာအရွေးချယ်ခံဖြစ်လို့နေတတ်သေးတာ။

20 comments:

Anonymous said...

စိတ်ဓာတ်မကျနဲ့ ။
ဘာရောဂါလည်း သိခွင့်၊ ဆေးကုနိုင်နေသေးတယ်။

ဒို့မှာ မွေးရာပါရောဂါ နှိပ်စက်ရတဲ့ထဲ၊ စင်ကာပူရောက်မှ(အေအိုင်ဒီအက်စ်) မဟုတ်တဲ့ ရောဂါ တစ်ခု ကူးစက်ခံနေရသေးတယ်။ ဆရာဝန်ပုံမှန်ပြနေရလို့ အမေ့အိမ်ပြန်လို့မရ၊ ဆေးကုစရိတ်တွေကထောင်း၊

မေဇင် said...

စိတ်ဓာတ်မကျပါနဲ့ကွယ်... ဘေးပတ်ဝန်းကျင်က လူတွေ အားပေးတယ် ဆိုတာက... ရောဂါ ဖြစ်လာမှတော့...... ခုလို ဆရာသမားကောင်းလေးနဲ့ ငွေကုန်ကြေးကျ သက်သာမှုနဲ့ ဆေးကု ခွင့်ရတာကို ကံကောင်းတယ် ပြောတာပါ....။ နောင့် ဆိုကိုယ့်ပိုက်ဆံ နဲ့ ကိုယ်ဆေးရုံ တတ်ရတယ်.... သားအိမ်ကင်စာ များဖြစ်မလား မသိဆိုပြီး ဆေးစစ် ဆေးစား နဲ့ .... အလုပ်က တစ်ဘတ်.... ဖြစ်လာမှတော့ ဘာတတ်နိုင်မလဲ.... ဒီလိုပဲပေါ့....။ မေ့သမီး ကို အဲ့ဒါတွေ ကြောင့် ပတ်ဝန်းကျင်က အဆိုးထဲက အကောင်းသဘောပြောကြတာပါ.... နားလည်တယ် ဟုတ်.... ၊

ဟန်လင်းထွန်း said...

စိတ်ဓတ်မကျပါနဲ့။

မေဓာဝီ said...

ညီမပြောသလိုပါပဲ ... တခါတလေတော့ ဘ၀တွေက ရွေးချယ်ခွင့်မရှိဘူး ညီမရေ ... ။
အကောင်းဆုံးကို ဆုံးဖြတ်ပြီး ဆက်လျှောက်ပေါ့နော်။
ညီမကိုကြည့်ရတာ စိတ်ဓာတ်ကျတဲ့ပုံတော့ မရှိပါဘူး။
ငိုနေရုံနဲ့ အရာရာ မဖြေရှင်းနိုင်ဘူးဆိုတာလဲ ဟုတ်တာပဲ။
စိတ်အေးအေးနဲ့ အကောင်းဆုံးလမ်းကို လျှောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

လင်းဒီပ said...

ညီမလေး ပျော်ပျော်သာနေပါ...
လောကကြီးမှာ ဘယ်သူဟာ ဘယ်လောက်နေရမယ်ဆိုတာ ဘယ်သူမှ မသိကြတဲ့ကိစ္စကြီး....ရယ်ရယ်မောမောနေတတ်တဲ့အကျင်လေးကို အားပေးတယ်...
ရောဂါဆိုတာ ကိုယ်တစ်ယောက်တည်းမှာ ရှိတာမဟုတ်ပါဘူးလေ....
ဘုရားသိတဲ့ကိစ္စတွေမှာ ဘယ်သူမှ အာမခံချက်မရှိဘူး...
ဘဝကို တန်ဖိုးရှိအောင်နေတတ်ဖို့ပဲလိုတယ်
ကျန်းမာပျော်ရွှင်နေဖို့ အမြဲဆုတောင်းပေးမယ်..။

နွေဆူးလင်္ကာ said...

လောကကြီးက ဒီလိုပါပဲ။ မမြင်ရတဲ့ ကံကြမ္မာက လူတွေကို တိတ်တဆိတ် နှိပ်စက်တတ်တာ။ အရှုံးမပေးသရွေ့ မရှုံးသေးပါဘူးလေ။

Moh Moh said...

Hey, little sis, keep your head up and be strong. Our days are numbered. No one exactly knows what the outcome of any given situation (I mean life changing expereinces) even to the twins; everyone reacts/responds differently. I was diagnosed with cancer when I was 36, took all kinds of necessary treatment and cancer free for 7 yrs now. I went to all my treatment alone as my sisters can come only to my surgery because of their work and school. One of my best friends is suffering from serious blood disorder which is not responded to ordinary treatment. I am telling these things to let you know that we are on the same boat as we have different kinds of medical condition.

You can research about your condition (disease) on-line and get educated yourself since you have net access there. Let me know if you need any info. Pl take one day at a time. One day, when you look back, you will notice that you love and appreciate life more than before...you become stronger than before....you are more compassionate than before because of this event. Take good care of yourself!
Moh Moh

ကလူသစ် said...

ဟိုက်... ကျောက်ကပ်ရောဂါဖြစ်နေတာလား။ ချာရတီဖောင်တေးရှင်းတွေ စုံစမ်းကြည့်ပါလား။ စိတ်ဓာတ်တော့ မကျပါနဲ့။ ဂလိုပါပဲ။ ဖြစ်တတ်ပါတယ်လေလို့ ကြံဖန်စိတ်ဖြေပေါ့ဗျာ။

Anonymous said...

Are you having a kidney problem? Don't worry naw. I had a kidney transplant 10 yrs and one month ago and I am still going strong by the grace of God.

Before kidney transplant, I was on dialysis for about 4 months and went through hell. If you have any questions, would you post your email address and I will contact you directly. I got my kidney through non blood related person. Nowaday as long as the blood type match and donor is in perfect health you could do transplant. It doesn't have to be a perfect match anymore. Are you here in States?

Lynn

Anonymous said...

It's me Lynn again. Don't feel bad about it. I was almost kill myself when I was first got the news but through a lot of prayers I fell stronger everyday. Eat less meat and salt. If you are here please contact Kidney Foundation or talk to a Social worker ASAP as to what you should do in the future.
Don't worry anything about financial burden when it comes to End stage Renal Disease (ESRD). They will take care of EVERYTHING. Even paid for donor operation, dialysis..etc. I will explain to you more in detail. Just pray and be strong.

Lynn

ကိုလူထွေး said...

လမ်းဆုံဟာ လမ်းဆုံး မဟုတ်ဘူး ညီမ...

ရောဂါဘလပွနဲ့ ဆေးကုစရာ စရိတ်မရှိလို့ အသေစောင့်နေရတဲ့သူတွေဆို ဘယ်လိုလုပ်မလဲ...

စိတ်ဓာတ်ဆိုတာ ကျစရာမဟုတ်ဘူး...

ဆေးခန်းပြဖို့ ဆေးသောက်ဖို့တော့ မမေ့မလျော့နဲ့ ပုံမှတ်လုပ်ဖြစ်ပစေ...

အသက်ကို ဥာဏ်စောင့်သတဲ့...

မေ့သမီး said...

အားပေးသွားတဲ့ အကို၊ အမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလောလောဆယ်တော့ ဘုရားရှိခိုးလိုက်၊ ဒီနှစ်လုပ်ရမယ့်သုတေသနအတွက် ဖတ်စရာရှိတဲ့စာတွေဖတ်လိုက်လုပ်ပြီး စိတ်ကိုဖြေပါတယ်။ မေးလိပ်စာက maythamielay@gmail.com ပါ။

Anonymous said...

စိတ်မကျပါနဲ့

ဘ၀ဆိုတာ ဒီလိုပဲ..

Anonymous said...

စိတ်မကျပါနဲ့

ဘ၀ဆိုတာ ဒီလိုပဲ..

Anonymous said...

ငါ့ညီမ..လူဆိုတာ မွေးဖွားတဲ့အချိန်ကစပြီး နောက်ဆုံးအချိန်ထိ တိုက်ပွဲဆင်နွဲနေရတာ လူ့ဘ၀ရခဲတယ် အဲဒီရခဲတဲ့ဘ၀မှာဘဲ တို့တတွေအတွက် ဆင်းရဲဒုက္ခတွေ၊ မြင်ရတဲ့ မမြင်ရတဲ့ အတားအဆီးတွေ အခက်အခဲတွေက အများကြီးနော်၊ ဘယ်လောက်ခက်ခဲတဲ့ ဘယ်လောက်ကြီးမားတဲ့ ဒုက္ခတွေ၊ စိတ်ညစ်စရာတွေ၊ အန္တရယ်တွေရှိနေပါစေ အဲဒါတွေကို ကျော်ဖြတ်အနိုင်ယူနိုင်တာ"လူဆိုတဲ့ သတ္တ၀ါ"ဘဲ ကဲ... စိတ်ဓာတ်မကျဘဲ လူ့ဘ၀တိုက်ပွဲကို အားမာန်အပြည့်နဲ့ အခုချိန်ကစပြီး ၀င်လိုက်စို့။

ဒူကဘာ said...

ကျောက်ကပ် လှူတဲ့ ဖေါင်ဒေးရှင်းတွေ စုံစမ်းကြည့်ပါလား
အစားထိုးချင်ရင်တော့ အိန္ဒိယဖက် နဲ့ ထိုင်းမှာ ဈေးချိုတယ်၊ ကျန်းမာပါစေ ... ညီမ မေ့သမီး

သစ်နက်ဆူး said...

ညီမရေ...
ကိုယ်ဖြစ်တာမဟုတ်လို့ ကိုယ်ချင်းမစာပြောတာတော့မဟုတ်ပါဘူး..
စိတ်ဓါတ်မကျပါနဲ့ ...။
ကိုယ် ငယ်ငယ်က အသဲရောင် အသားဝါဖြစ်ခဲ့တယ်..။
တီဘီဆေးတွေလဲထိုးခဲ့ရတယ်..။
အဲဒါတွေပျောက်တော့ အစာအိမ်ရောဂါဖြစ်တယ်...။
မပျောက်သေးခင်မှာ နှလုံးရောဂါဘက်လှည့်လာတယ်...ဆရာဝန်ကိုယ်တိုင်ကအစ ပင်ပင်ပန်းပန်း မကတော့ဘို့ ပြောတယ် စိတ်ခံစားမှုများများဖိအားမပေးဘို့ ပြောတယ်..။ ကိုယ်က ဆက်လုပ်နေတာဘဲ..
ပြီးတော့ဌက်ဖျားဖြစ်တယ်....။
သေတွင်းနားကို ခဏခဏရောက်တယ်..။
နောက်သွေးတိုးတဲ့...
တဖြည်းဖြည်းနဲ့ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ဘဲ ကိုယ်မဖြစ်ချင်တာတွေက ကိုယ့်မှာဖြစ်နေတော့ ကိုယ်စဉ်းစားတယ်..။
ငါ လူဖြစ်လာတာ ဘာအတွက်များ ဖြစ်လာသလဲပေါ့...
နောက် သစ္စာဖောက်...။
ကိုယ့်ကို သစ္စာဖောက်သွားတဲ့ မိတ်ဆွေ ၊ချစ်သူထက် ကိုယ့်ကို အနီးကပ် သစ္စာဖောက်နေတာ ငါ့ကိုယ်ထဲက(သို့) ငါချစ်ခင်ယုယနေတဲ့ ခန္ဒာကိုယ်ထဲကဘဲ ဖြစ်နေတာပါလား ...ဆိုတဲ့ အသိဝင်သွားပြီးတော့
နာမ်နဲ့ ခန္ဒာတွဲဖြစ်နေရတဲ့ ဘ၀ကို စိတ်ကုန်လာတယ်...ဒါပေမယ့် ကိုယ်က အဆုံးသတ်ပစ်လို့ မှ မရတာ..။
နောက်တော့ ကိုယ်လုပ်ချင်တဲ့ စိတ် တခုနဲ့ ကိုယ့်ခန္ဒာကို ၂ပိုင်းခွဲပစ်လိုက်တယ်...။
ဘယ်ဆေးခန်းမှ မပြတော့ဘူး...
မင်းတို့ အနီးကပ်သစ္စာဖောက်တွေလဲ လုပ်ချင်သလိုလုပ်ကျ...ငါလဲနေချင်သလိုနေမယ်..။
သေနေ့ စေ့ရင် သေကွာ....မသေခင် လိပ်ပြာသန့့်တာတွေ အကုန်လုပ်မယ် ဆိုပြီး နေလိုက်တာ....
အခုထိတော့ အိုကေဘဲ...။
ညီမနည်းနည်း စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး
ကိုယ့်ကိုကိုယ် ပြန်တွေးယူပါ...။
မြတ်ဗုဒ္ဓရဲ့ တရားတွေ လေ့လာပါ....။
ကျင့်ကြံပါ...။
(မင်းတို့ အနီးကပ်သစ္စာဖောက်တွေလဲ လုပ်ချင်သလိုလုပ်ကျ...ငါလဲနေချင်သလိုနေမယ်..။
သေနေ့ စေ့ရင် သေကွာ....)ဒီစကားက လူမိုက်တွေး
တွေးပြီးပြောတာမဟုတ်ဘူးနော်...။
ကိုယ်ကသေတွင်ဲးထဲအထိရောက်ခဲ့တာ ခဏခဏပါ...။
ညီမရေ...
ကိုယ်ကချစ်နေသမျှ သူက နွဲ့ ဆိုးဆိုးတယ်..။
ကိုယ်က ခပ်စိမ်းစိမ်းဖြတ်လိုက်တာနဲ့ သူက အပိုးကိုကျိုးနေတာဘဲ...။
ဆေးပညာတွေ တိုးတက်နေပါတယ်...
တရားတော်တွေလဲ ရှိနေပါတယ်...။
အကိုခင်မင်တဲ့ ညီမ သစ္စာဖောက်တွေရဲ့ နှိပ်စက်ခြင်းမှ
ကင်းလွတ်ပါစေ..။

မေ့သမီး said...

အားပေးသွားတဲ့ အကိုတွေအမတွေအားလုံးကို ကျေးဇူးပါနော်။ အခုလောလောဆယ် စိတ်အားတင်းထားပြီး အကောင်းဆုံးလုပ်နိုင်မယ့်ဟာ တွေကိုစဉ်းစားနေပါတယ်။

သီဟသစ် said...

မေ့သမီးရေ

စိတ်အားတွေ တင်းနိုင်တယ် ဆိုတာ ယုံကြည်ပါတယ်ကွယ်

ရွှင်လန်းချမ်းမြေ့ပါစေကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

Moh Moh said...

Hey, I got some advice for Ig A nephropathy from a Burmese nephrologist who is practicing in the states. I'll write a message to your gmail so check it out. Take good care of yourself!
Moh Moh