လေးကြောင်းမစပ်တစပ်
သုံးကြောင်းထပ်လဲမဟုတ်
ဒါပေမယ့် ရင်ထဲကစကား
ချစ်သူ့အတွက်တေးသွားလေ
ကာရန်ကျကျ မကျကျ
စကားလုံးလှလှ မလှလှ
ချစ်သူသဘောကျဖို့
ကိုယ်ရေးခဲ့တာ
ရင်ထဲက ကဗျာတွေ။ ။
ကဗျာ(၁)
ဟိုတစ်နေ့က
ချစ်သူနဲ့တွေ့တော့
တိုးတိုးလေးမေးတယ်
ကိုယ့်ကိုချစ်လားတဲ့
ကိုယ်ဖြေမလိုအလုပ်
(ဗြုန်းခနဲဆို) ငလျင်လှုပ်သလို
ခုတင်ပေါ်ကပြုတ်ကျ
သြော် အိပ်မက်ကောင်းနေတုန်းမှကွယ်….
ကဗျာ(၂)
ချစ်သူကိုဖုန်းဆက်
ညစဉ်ရက်ဆက်
ဟိုတစ်နေ့ကျ
ဖုန်းထဲက ချိုစကား
လူကြီးမင်းခေါ်ဆိုသောဖုန်းမအားပါတဲ့
ရင်ဝကိုဓါးနဲ့ထိုးသလိုပါပဲလား။ ။
ကဗျာ(၃)
ချစ်သူဖတ်ဖို့
ကဗျာတွေစပ်
ချစ်သူရှေ့မှာရပ်ပြီး
ရွတ်ပြခဲ့ဖူးတယ်
ချစ်သူက ကိုယ့်ကိုမေးသွားတာက
ရက်ပ်ပါ လားဟင်တဲ့။
(ကံကောင်းထောက်မစွာပဲ ကိုယ့် Blog လေးပြန်ပွင့်သွားတယ်။ http://haymarwintun.blog.friendster.com/ အဲဒီကနေပြန်ကူးပြီးတင်လိုက်ပါတယ်။)
Halo dunia!
1 year ago
7 comments:
ကဗျာလာဖတ်ပါ၏.. အခုလိုမျှဝေတဲ့အတွက် ကျေးဇူးပါ
:)
ကဗျာလေးတွေက ရိုးရိုးလေးတွေနဲ့ ချိုပြီး ကြည်နူးစရာလေးပါလား ...
ကိုလင်းဦး (စိတ်ပညာ) ပြောသလိုပါပဲ ... မျှဝေတဲ့အတွက်
အထူးကျေးဇူးပါ ... ။
ကဗျာက လန်းတယ်ဗျ။
ဒီကဗျာတော်တော်သဘောကျသွားတယ်ဗျာ။ တော်တော်ဖတ်လို့ကောင်းတဲ့ကဗျာလေးဘဲ။ နောက်ဆုံးအပိုဒ်လေးဖတ်ပြီး ပြုံးမိတယ်ဗျ။ ကဗျာသမားဘ၀က ဒီလိုပါဘဲလေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကဗျာလေးက လှနေတယ် မေ ရေ့ အချစ်ကြောင့် ကဗျာတွေ ဆက်လှနိုင်ပါစေး)
တကယ်မိုက်တယ်အမ...
ကဗျာလေးကအရမ်းကိုလန်းတယ်ဟာ။
နောက်လဲဆက်ရေးဦးနော်။
Post a Comment