Tuesday, December 16, 2008

ချစ်သူအတွက်ကဗျာ

လေးကြောင်းမစပ်တစပ်

သုံးကြောင်းထပ်လဲမဟုတ်

ဒါပေမယ့် ရင်ထဲကစကား

ချစ်သူ့အတွက်တေးသွားလေ

ကာရန်ကျကျ မကျကျ

စကားလုံးလှလှ မလှလှ

ချစ်သူသဘောကျဖို့

ကိုယ်ရေးခဲ့တာ

ရင်ထဲက ကဗျာတွေ။ ။



ကဗျာ(၁)

ဟိုတစ်နေ့က

ချစ်သူနဲ့တွေ့တော့

တိုးတိုးလေးမေးတယ်

ကိုယ့်ကိုချစ်လားတဲ့

ကိုယ်ဖြေမလိုအလုပ်

(ဗြုန်းခနဲဆို) ငလျင်လှုပ်သလို

ခုတင်ပေါ်ကပြုတ်ကျ

သြော် အိပ်မက်ကောင်းနေတုန်းမှကွယ်….



ကဗျာ(၂)

ချစ်သူကိုဖုန်းဆက်

ညစဉ်ရက်ဆက်

ဟိုတစ်နေ့ကျ

ဖုန်းထဲက ချိုစကား

လူကြီးမင်းခေါ်ဆိုသောဖုန်းမအားပါတဲ့

ရင်ဝကိုဓါးနဲ့ထိုးသလိုပါပဲလား။ ။



ကဗျာ(၃)

ချစ်သူဖတ်ဖို့

ကဗျာတွေစပ်

ချစ်သူရှေ့မှာရပ်ပြီး

ရွတ်ပြခဲ့ဖူးတယ်

ချစ်သူက ကိုယ့်ကိုမေးသွားတာက

ရက်ပ်ပါ လားဟင်တဲ့။

(ကံကောင်းထောက်မစွာပဲ ကိုယ့် Blog လေးပြန်ပွင့်သွားတယ်။ http://haymarwintun.blog.friendster.com/ အဲဒီကနေပြန်ကူးပြီးတင်လိုက်ပါတယ်။)

7 comments:

လင်းဦး(စိတ်ပညာ) said...

ကဗျာလာဖတ်ပါ၏.. အခုလိုမျှဝေတဲ့အတွက် ကျေးဇူးပါ
:)

Anonymous said...

ကဗျာလေးတွေက ရိုးရိုးလေးတွေနဲ့ ချိုပြီး ကြည်နူးစရာလေးပါလား ...
ကိုလင်းဦး (စိတ်ပညာ) ပြောသလိုပါပဲ ... မျှဝေတဲ့အတွက်
အထူးကျေးဇူးပါ ... ။

ဟန်လင်းထွန်း said...

ကဗျာက လန်းတယ်ဗျ။

Moe Myint Tane said...

ဒီကဗျာတော်တော်သဘောကျသွားတယ်ဗျာ။ တော်တော်ဖတ်လို့ကောင်းတဲ့ကဗျာလေးဘဲ။ နောက်ဆုံးအပိုဒ်လေးဖတ်ပြီး ပြုံးမိတယ်ဗျ။ ကဗျာသမားဘ၀က ဒီလိုပါဘဲလေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

ကဗျာလေးက လှနေတယ် မေ ရေ့ အချစ်ကြောင့် ကဗျာတွေ ဆက်လှနိုင်ပါစေး)

Phu Mon said...

တကယ်မိုက်တယ်အမ...

Anonymous said...

ကဗျာလေးကအရမ်းကိုလန်းတယ်ဟာ။
နောက်လဲဆက်ရေးဦးနော်။