Friday, May 8, 2009

အမေ့ထံမှစာ


ချစ်ရတဲ့ကလေးရေ

သားစာမြန်မြန်မဖတ်နိုင်မှန်းသိလို့ အမေဒီစာကို ခပ်နှေးနှေးပဲရေးလိုက်ပါတယ်။

သားထွက်သွားတဲ့အိမ်မှာ အမေတို့မနေကြတော့ဘူး။ အမေတို့နေတဲ့နေရာနဲ့မိုင် ၂၀အကွာမှာမတော်တဆထိခိုက်မှုတွေ အဖြစ်အများဆုံးလို့ မင်းအဖေကသတင်းစာထဲမှာဖတ်ရလို့ အမေတို့အဲဒီနေရာကပြောင်းလာတာပါ။ လိပ်စာကတော့ ပို့ပေးလို့မရဘူးသားရေ။ အမေတို့မတိုင်ခင် ဒီအိမ်မှာနေသွားတဲ့လူတွေက အိမ်နံပါတ်ကတ်ပြားကိုဖြုတ်ယူသွားတယ်လေ။ အဲဒီတော့ နောက်တနေရာမှာ သူတို့လိပ်စာအသစ်ပြောင်းနေစရာမလိုဘူးပေါ့။

ဒီနေရာကတော်တော်ကောင်းပါတယ်။ အ၀တ်လျှော်စက်တောင်ပါတယ်။ ဒါပေမယ့် အဲဒီစက်ကကောင်းကောင်း အလုပ်လုပ်သလားဆိုတာတော့ အမေသိပ်မသေချာဘူး။ ပြီးခဲ့တဲ့တပါတ်က အမေအဲဒီစက်ထဲ အ၀တ်တွေထည့်ပြီး ကြိုးကိုဆွဲလိုက်တာ အဲဒီအ၀တ်တွေကိုနောက်ထပ်မတွေ့ရတော့တာ အခုထိပဲလေ။

ဒီမှာ ရာသီဥတုကသိပ်မဆိုးလှပါဘူး။ ပြီးခဲ့တဲ့အပါတ်က မိုး၂ခါပဲရွာတယ်။ ပထမတခါမိုးရွာတော့ ၃ရက်ကြာပြီး ဒုတိယတခါရွာတော့ ၄ရက်ကြာတယ်လေ။ မင်းပို့ပေးစေချင်တဲ့ ကုတ်အကျီ င်္ကို ဒီအတိုင်းပို့ရင်လေးမယ် ထင်တယ်လို့ မင်းဦးလေးစတိဗ်ကပြောလို့ ကြယ်သီးတွေဖြုတ်လိုက်တယ်။ အဲဒီကြယ်သီးတွေကိုတော့ ဘေးအိတ်တွေထဲမှာထည့်ပေးလိုက်ပါတယ်။

အသုဘပြင်ဆင်တဲ့အိမ်ကနေ ပိုက်ဆံတောင်းတဲ့စာထပ်ရောက်လာပြန်ပြီ။ သူတို့က မင်းအဘွားရဲ့အုတ်ဂူဘိုး နောက်ဆုံးလက်ကျန်ပေးစရာရှိတာကိုမပေးရင် အဘွားကြီးကို ပြန်ရှင်လာအောင်လုပ်လိုက်မယ်တဲ့။

မနေ့ကတော့ ဂျွန်သူ့ကားသော့ကိုကားထဲမှာပိတ်မိသွားတယ်လေ။ ငါတို့အားလုံးစိတ်ပူသွားတာပေါ့။ ဘာလို့လဲဆိုတော့ သူ့မှာ အမေနဲ့ ရှာဘီကိုကားအပြင်ရောက်အောင်လုပ်ဖို့ ၂နာရီလောက်ကြာသွားတယ်လေ။

မင်းအမလည်း ဒီမနက်ပဲ ကလေးမွေးတယ်လေ။ ဒါပေမယ့် ဘာလေးလဲဆိုတာတော့ အမေမသိရသေးဘူး။ အဲဒီတော့ မင်းလည်း အဒေါ်ဖြစ်မလား၊ ဦးလေးဖြစ်မလားမသိသေးဘူးပေါ့။ တကယ်လို့မိန်းကလေးဖြစ်ရင်တော့ မင်းအမက အမေ့နာမည်ပေးမယ်လို့ပြောတယ်။ သူကအဲဒီကလေးကို အမေလို့ခေါ်မှာပေါ့။

မင်းဦးလေး ပိဒ်တော့ပြီးခဲ့တဲ့တပါတ်က ၀ီစကီကန်ထဲကိုပြုတ်ကျသွားတယ်။ တချို့လူတွေက သူ့ကိုဆွဲတင်ဖို့ကြိုးစား ကြတယ်။ ဒါပေမယ့်သူကအဲဒီလူတွေကိုပြန်ထိုးကြိတ်ပြီးတော့ ၀ီစကီအနစ်ခံသွားတယ်လေ။ သူ့ကိုမီးသဂြိုလ်တာ သုံးရက်တောင်ကြာတယ်။

မင်းသူငယ်ချင်း ၃ယောက်တော့ ကုန်ကားမောင်းပြီးတံတားကိုဖြတ်တယ်လေ။ ရက်ဖ်ကကားမောင်းတာပေါ့။ သူက ပြတင်းပေါက်ကလျှောထွက်ပြီး ချောချောမောမောရေကူးသွားနိုင်ခဲ့ပါတယ်။ တခြားသူငယ်ချင်းနှစ်ယောက်က ကားနောက်ခန်းထဲမှာလေ။ သူတို့ကတော့ နောက်အကာကိုချလို့မရလို့ ရေနစ်သွားကြတယ်။

ဒီတကြိမ်တော့ ဘာအကြောင်းမှများများစားစားပြောစရာမရှိပါဘူးသားရေ။ ဘာမှလည်း ထူးထူးခြားခြားမဖြစ်ခဲ့တော့လေ။

စာကြွင်း။ ။ အမေသားဆီပိုက်ဆံပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်ကပိတ်ပြီးသွားပြီ။

(အိမ်ပြန်ရတော့မယ်ဆိုတော့ အားလုံးကိုနှုတ်ဆက်တဲ့အနေနဲ့ ဖတ်ခဲ့ဖူးတဲ့ ဟာသလေးကိုဘာသာပြန်ပြီး တင်ပေးလိုက်တာပါ။ မူရင်းက ဒီမှာပါ။ အားလုံး တာ့တာ။ မြန်မာပြည်ရောက်မှပြန်တွေ့မယ်နော်။)

9 comments:

မိုးမြင့်အောင် said...

ရီစရာလည်းမကောင်းဘူး

လင်းဒီပ said...

ပေါက်တီးပေါက်ရှာတွေ ဘယ်ကရတာလဲ...

အစ်ကိုလည်း လာမဆယ်နဲ့ ဆိုပြီး ဝီစကီကန်ထဲ နစ်ချင်စိတ်ပေါက်လာပြီ..

ရန်ကုန် ဘာလို့ပြန်မှာလဲဟေ့...။

ကိုလူထွေး said...

အားပေးနေပါတယ်..
နောက်လဲ အခြေအနေပေးရင် လာရေးပါဦး..
အစအဆုံးဖတ်ရင်းနဲ့ ရီသွားပါတယ်..
ပြန်လာဦးမှာ မဟုတ်လား...

ကိုလူထွေး said...

ဖတ်လို့ ကောင်းလို့  နောက်တစ်ကြိမ်ထပ်ဖတ်သွားတယ်...
ကွန်မင့်ရေးဦးမလို့ ဟာ Enter ခေါက်မိသွားလို့  မရေးဖြစ်လိုက်ဘူး..

း)

T T Sweet said...

တကယ်ရယ်ရပါတယ်။ အဘွားကြီးကို ပြန်ရှင်လာအောင်လုပ်လိုက်မှာ ဆိုတော့ ရယ်လိုက်ရတာ။
ဒီနေ့အတွက် ရယ်လိုက်ရလို့ ကျေးဇူး။ အိမ်အလည်ခရီးမှာ ပျော်ရွှင်ပါစေ။

နေဒေးသစ် said...

ဟဟဟ .. ဘယ်ကများ သွားရှာထားလဲ မသိ ... ပေါက်တီးပေါက်ကရ ဟာသလေး .. တော်တော်လေးတော့ သဘောကျမိပါရဲ့ ..

Phu Phu said...

ပိုက်ဆံပို့မလို့ပဲ စာအိတ်က ပိတ်ပြီးသွားပြီဆိုတာလေးကို သဘောအကျဆုံးပဲ... :D
မြန်မာပြည်မှာ ပျော်ရွှင်ပါစေရှင်

ဆောင်းယွန်းလ said...

အမေ့ကိုလွမ်းတဲ့ လူတယောက်လည်းလာဖတ်တယ် ညီမလေးရေ

ဖိုးဂျယ် said...

အိမ်ပြန်၇တော့မယ်ဆိုတော့ ပျော်နေတယ်ပေါ့လေး)