Tuesday, May 26, 2009

မိမာယာ

မင်းရဲ့အကြောင်းကိုလွယ်လွယ်နဲ့ သိမှာစိုးလို့
မင်းကိုယ့်ကိုလှည့်စားတယ်ပေါ့
မင်းရဲ့မျက်ရည်တွေကို ဖုံးကွယ်ဖို့
ရယ်မောသံလေးတွေနဲ့ ကိုယ့်မျက်လုံးကိုကန်းစေတယ်
မင်းရဲ့အတတ်ပညာကို ကိုယ်သိပါတယ်
မင်းပြောရမယ့်စကားကို မင်းဘယ်တော့မှမပြောဘူး။

မင်းကိုတန်ဖိုးမထားမှာစိုးလို့
နည်းပေါင်းရာထောင်နဲ့ မင်းကိုယ့်ကိုရှောင်တယ်၊
မင်းကိုလူတွေကြားထဲမှာ ရောသွားမှာစိုးလို့
မင်းဘေးမှာထွက်ရပ်နေတယ်၊
မင်းရဲ့အတတ်ပညာကို ကိုယ်သိပါတယ်
မင်းလျှောက်ရမယ့်လမ်းကို
မင်းဘယ်တော့မှ မလျှောက်ဘူး။


မင်းရဲ့တောင်းဆိုမှုတွေဟာ တခြားသူတွေထက်ပိုတယ်
ဒါကြောင့်မင်းကဆိတ်ဆိတ်နေတယ်
ပရိယာယ်ကြွယ်ဝတဲ့ ဥပေက္ခာပြုဟန်လေးတွေနဲ့
ကိုယ့်လက်ဆောင်တွေကို ငြင်းပယ်တယ်၊
မင်းရဲ့အတတ်ပညာကို ကိုယ်သိပါတယ်
မင်း ရယူမယ့်အရာကို ဘယ်တော့မှ ယူမှာမဟုတ်ဘူး။ ။

မိုးမိုး (အင်းလျား)

ရာဘင်ဒြာနသ်တဂိုး
မှ တဂိုးစာနုယဉ်

4 comments:

လင်းဒီပ said...

ှုငါ့ညီမက လိမ်မာတယ်..ကြိုက်ပြီးသား မေ့နေတဲ့ကဗျာလေး တင်ပေးလို့...။

“မင်းပြောရမယ့်စကားကို မင်းဘယ်တော့မှမပြောဘူး။
မင်းဘယ်တော့မှ မလျှောက်ဘူး။
မင်း ရယူမယ့်အရာကို ဘယ်တော့မှ ယူမှာမဟုတ်ဘူး။”

အဲဒီ အပိတ်လေးတွေ ကြိုက်ခဲ့တာ ကြာပေါ့..။

(ဘာသာပြန်တာ တခြားတစ်ယောက် ထင်တယ်...အစ်ကို လည်း အမှတ်မှား နိုင်ပါတယ်။)

Anonymous said...

၅၉ကနေ လှမ်းကြည့်မိလိုက်တယ်။ မေ့သမီး စာများများ ရေးနိုင်ပါစေ။

ကိုလူထွေး said...

အဆင်ပြေပါစေ ငါ့ညီမရေ...

Anonymous said...

တဂိုးရဲ့ ကဗျာကောင်းလေး ဖတ်ရလို့ ကျေးဇူး မေ့သမီးရေ ..