Tuesday, June 2, 2009

ကံ့ကော်လမ်း

လမ်းအမော်

ကံ့ကော်နံ့သင်း။

ချိုးအကွေ့

ကြည်မွေ့ဖို့ဘယ်ညာ

ငွေဝတ်လွှာခင်း။

လမ်းတလျှောက်

ပန်းကောက်စို့အတူ

တေးကျူလို့လေး။

နောင်စခန်း

တို့လမ်းဆိုင်ရင်ဖြင့်

ပန်းမပြိုင်ကြေး။

ဇင်

8 comments:

ကိုလူထွေး said...

"လမ်းအမော်" ... ဒီစကားလုံးက ကိုလူထွေးအတွက် အသစ်ပဲ...

"ငွေဝတ်လွှာခင်း" အဲ့လောက်တောင် ဖွေးနေသလား...

"လမ်းတလျှောက် ပန်းကောက်စို့အတူ တေးကျူလို့လေး" ပျော်စရာပဲ...

"နောင်စခန်း တို့လမ်းဆိုင်ရင်ဖြင့် ပန်းမပြိုင်ကြေး"

ဒီအပိတ် အကြိုက်ဆုံးပဲ...

khin oo may said...

အပြောတတ်ဘူး ကိုလူတွေါ်ကို ဖော်လိုလုပ်လ်ုက်တယ်။

စီဂျီ ၅၆ said...

အကို့ ညီမ၊

ညီမ‌ရေးတယ့် ကဗျာ‌လေး‌တွေကို
ခံစားချင်ပါတယ်။

အကို
စီဂျီ ၅၆

နန်းညီ said...

ချစ်စရာကောင်းသောကဗျာလေး

မေ့သား said...

သတိရလို့ ဖတ်ဖြစ်တယ်။ သိပ်တော့ မခံစားတတ်သေးဘူး။

Moe Myint Tane said...

ချစ်စရာကဗျာချိုလေးပါ။ အဖွင့် အခင်း အပိတ်လေးတွေနဲ့ သူ့ကာရန်လေးနဲ့သူ ဖွဲ့ဆိုထားတာလေး။ ကဗျာဖတ်မိသူတိုင်း အချိုဓါတ်လေးတွေကို ခံစားသွားနိုင်စေပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဆောင်းယွန်းလ said...

ကဗျာကောင်းလေးတပုဒ်ကို ခံစားသွားပါတယ်ညီမလေးရေ..
ရွှင်လန်းပါစေ

Anonymous said...

မကြုံဆုံဖူးတဲ့ စာသားတည်ဆောက်မှုတွေနဲ့ လန်းဆန်းလှပတဲ့ ကဗျာလေး တစ်ပုဒ်ပေါ့ ...