Wednesday, June 24, 2009

ရထားဖြင့်ခရီးသွားခြင်း

မနက်အစောကြီး နေထွက်မလာခင်။

လွမ်းစရာလေးနော်။







ဒီလှေတွေနဲ့လိုက်သွားရင်ဘယ်ရောက်မလဲ မသိဘူးနော်။

တဲအိမ်လေလား။ နိဗ္ဗာန်လား။


ကျေးဇူးရှင်လူတွေနဲ့ ကျေးဇူးရှင်တိရစ္ဆာန်တွေ။

သိပ္ပံမောင်ဝရဲ့ စကားအရဆိုရင်တော့ ဒီလိုကျောင်းလေးမျိုးက နောင်တချိန်နိုင်ငံတော်သမ္မတ မပေါ်ပေါက်လာဘူးလို့ ဘယ်သူပြောနိုင်အံ့တည်းပေါ့။ ဒါပေမယ့်....။




ဟင်္သာတမရောက်ခင် နတ်မော်ဆိုတဲ့ဘူတာနားမှာ ခြုံတွေကြားထဲက ဘွားခနဲထွက်လာတာ ဘာကြီးလဲလို့...။

နည်းပညာတက္ကသိုလ် (ဟင်္သာတ) ပါတဲ့။


မြန်မာပြည်ပြန်ရောက်ပြီဆိုကတည်းက သူ့အရောင် သူ့အလှနဲ့ဖမ်းစားခံခဲ့ရတာ။


သမုဒ္ဒရာ ၀မ်းတထွာ။
သင်ဦးချ၍အမျှဝေရာ စေတီသာနှင့်......။


ဒါက Upper လို့ခေါ်တဲ့ ပထမတန်းတွဲနော်။ အချဉ်တော့မဟုတ်ဘူး။ မြင်တဲ့အတိုင်းပဲ။

ဘေးပတ်ဝန်းကျင်က စိမ်းစိမ်းစိုစိုရှုခင်းတွေကြည့်ပြီး ပုခက်လွှဲသလိုဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် နဲ့ ဆင်မယဉ်သာသွားတဲ့အမြန်ရထားကြီးကိုစီးမလား။ ကျည်ဆန်လောက်မြန်တဲ့ အထဲကရေခဲစိမ်မျက်နှာတွေပဲကြည့်လို့ရတဲ့ ဘေးနှစ်ဘက်ကမှောင်မှောင်မည်းမည်း MRT ကိုစီးမလားဆိုရင် အဲဒီဟင်္သာတရထားကိုပဲဆယ်ခါပြန်စီးဦးမှာ။ (ဘာပဲပြောပြော တူးဘစ်သီချင်းတောင်ဆိုလို့ ရသေးတယ်။ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် တိုးရင်းနဲ့စီးလိုက်ဆိုပြီးတော့။)

12 comments:

P.Ti said...

အိမ်ပြန်နေလို့ ပျောက်နေတာကိုး... အဲလိုခရီးလေး သွားချင်သားပဲ။ ပင်ပန်းပေမယ့် ပျော်စရာကောင်းတယ်။

မေ့သား said...

တောအကြောင်း တောင်အကြောင်း ရေးရင် အရမ်း အသက်ပါတာပဲ။း)

Anonymous said...

အိမ်ပြန်ရောက်သွားသလိုပါပဲလား ....
ပုံလေးကို နာမည်ပေးထားတာလည်း သဘောကျလိုက်တာ ... တဲအိမ်လေလား။ နိဗ္ဗာန်လား။ တဲ့ :)
စေတီလေးတွေမြင်ရတော့ တကယ် လွမ်းမောမိတယ် ...
ခနော်နီခနော်နဲ့ ဆိုပေမယ့် စာသင်ကျောင်းလေး မြင်ရတော့ စာတတ်မြောက်မှု ရှိလောက်ပါရဲ့ဆိုပြီး ကျေနပ်ရတယ် ...
သမုဒ္ဒရာ ၀မ်းတထွာ နဲ့ လူတွေ နောက်ပြီး ...
Upper တန်းက ထိုင်ခုံတွေနဲ့ မြန်မာများရဲ့ လူနေမှု ဘဝ ...
လွမ်းမောစရာကြီးပါလား
နေတတ်မယ်ဆိုရင်တော့ ကျေနပ်ဖို့ ကောင်းမှာ အမှန်ပါ ...
နေဒေးသစ်။

မမသီရိ said...

မေ့သမီးလေး ပျောက်နေတာ
အိမ်ပြန်နေလို့ကိုး

လွမ်းစရာ ဓါတ်ပုံလေးတွေ
လာငေးတယ် ညီမလေးရေ..

Anonymous said...

ဓာတ်ပုံတွေက ပြောတဲ့ မြန်မာပြည်အကြောင်းဘဲ၊ ပုံတွေမြင်တာနဲ့ စာရေးပြစရာမလိုဘဲ ကွင်းကွင်းကွက်ကွက်သိအောင် ရိုက်လာတာမို့ ငါ့ညီမတော်တယ်၊ ရှိသေးရင်ဆက်လုပ်.....။

လင်းဒီပ said...

ကိုယ့်ဌာနေဝန်းကျင်မှာကွယ် တကယ်ကိုအလှရှိတယ်..

သီချင်းလေးအတိုင်းပါဘဲ...။

သီဟသစ် said...

မေ့သမီးရေ

တို့အထက်ပိုင်းကို ရထားစီးသွားတာတောင် သတိရသွားတယ်
လွမ်းမိတယ်

ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

ကျောင်းထောင်တဲ့သူပဲ ဖြစ်မလား...
ကျောင်းဖျက်မယ့်သူပဲ ဖြစ်မလား...
ဖြစ်တော့ဖြစ်နေကြတာပဲ...

းဝ)

Anonymous said...

အမိမြန်မာပြည်ရဲ့ စကောထဲကို ဇီးသီးလိမ့်သလို သွားနိုင်တဲ့ရထားလေးကို လွမ်းမိပါတယ်။



hanlin

ကိုလူထွေး said...

၁၆။
မေ့...ရက်တယ်နော်
သ...တိတရ ရှိနေကြပါဗျာ
'မီး...သတိပြု' ဆိုတာကိုလေ...

တွေ့လိုက်လား...

းဝ)

mirror said...

မေ့သမီးလေး အိမ်လွမ်းနာကျနေပြီ ...ဟုတ်တယ်ဟုတ်

mirror said...

မေ့သမီးလေး အိမ်လွမ်းနာကျနေပြီ ...ဟုတ်တယ်ဟုတ်