Wednesday, June 3, 2009

လျို့ဝှက်ချစ်

နေရဉ္ဇရာမြစ်ကမ်း အိပ်မက်ပန်းတို့ ဒိုင်ယာရီ ကဗျာစာအုပ်ထဲမှာ မေ့သမီးရေးတဲ့ကဗျာကိုဖတ်ချင်တယ်လို့ ကိုလူထွင်းကတောင်းဆိုထားတာကြောင့်တင်ပေးလိုက်ပါတယ်။ (ကိုယ်တိုင်လည်းကြွားချင်ချင်ပါ) :P အဲဒီတုန်းက ဒီကဗျာကိုထည့်ဖို့သူငယ်ချင်းတွေကရွေးတာပါ။ ကိုယ့်ကိုရွေးခိုင်းတော့ရွေးမပေးတတ်ဘူးလေ။ ကိုယ်ကဗျာတွေရေးထားတဲ့စာအုပ်ကိုယူသွားပြီး သူတို့ထည့်ချင်တဲ့ကဗျာကိုထည့်ပေးလိုက်တာပါ။ ဒါပေမယ့် အမှန်အတိုင်းပြောရရင်အဲဒီတုန်းက အခြေအနေနဲ့အလိုက်ဖက်ဆုံးကဗျာလို့ပြောလို့ရပါတယ်။ လူတယောက်အကြောင်းရေးခဲ့တဲ့ကဗျာပါ။ သူကလည်းဖွင့်မပြော၊ ကိုယ့်ဘက်ကလည်း ဘာမှန်းမသိဆိုတဲ့ အနေအထားတခုကနေ ရေးဖြစ်လိုက်တဲ့ကဗျာပါ။ ဒါပေမယ့် ကဗျာထဲကလို ခံစားချက်တွေသိပ်ပြင်းထန်ခဲ့သလား ဆိုတာတော့ သံသယရှိစရာပါပဲ။ :P (ကိုယ့်ပေါင်ကိုယ်ထောင်းရတာ နာလိုက်တာ)

လျို့ဝှက်ချစ်

မင်းကိုပြောဖို့
ရည်ရွယ်လာတဲ့
ကိုယ့်စကားတွေ
မင်းကိုတွေ့တော့
ရင်ထဲမှာပဲ
သိမ်းဆည်းခဲ့ရတယ်…။

မင်းကိုပေးဖို့
ကိုယ်ယူလာတဲ့
အချစ်တွေလဲ
မင်းစိတ်မဆိုးဖို့
နှလုံးသားမှာပဲ
သော့ခတ်လိုက်ရတယ်...။

မင်းအတွက်ဆိုပြီး
ကိုယ်သယ်လာတဲ့
လက်ဆောင်တွေဟာ
မင်းကိုမပေးဝံ့လို့
ကိုယ်နဲ့အတူ
အိမ်ပြန်ခဲ့ရတယ်။

မင်းဖတ်ဖို့လို့
ကိုယ်စပ်ခဲ့တဲ့
သီချင်းကဗျာတွေလဲ
မင်းမငြိုငြင်ဖို့
ကိုယ့်လွယ်အိတ်ကလေးရဲ့
ထောင့်စွန်းတနေရာမှာ
အိပ်ပျော်သွားရှာတယ်……

နောက်ဆုံးတော့
မင်းမသိတဲ့
ကမ္ဘာမြေတနေရာမှာ
မင်းကိုချစ်တဲ့
အချစ်စိတ်များနဲ့အတူ
ကိုယ်ဟာ
တိမ်မြုပ်နေခဲ့ရတယ်။ ။

9 comments:

မေ့သား said...

အခန်းဆက် သုံးခန်းနဲ့ ရေးခဲ့တဲ့ မေ့သမီးရဲ့ ဇာတ်လမ်းလေးနဲ့ ပါတ်သက်နေတယ်လို့ ထင်ပါတယ်။ သတိရလျက်...

လင်းဒီပ said...

သနားလိုက်တာ ငါ့ညီမရယ်..
အစ်ကို ဘာဝင် ရှုပ်ပေးရမလဲ..:P

Moe Myint Tane said...

တစ်ခါတစ်ရံမှာ မထင်မှတ်ထားတာတွေဟာ မထင်မှတ်တဲ့အချိန်တွေမှာ ဖြစ်လာတယ်တယ်။ ဒီလိုပါဘဲ သေချာတယ်လို့ထင်တားတဲ့ အရာတွေဟာလည်း တကယ်တမ်းမှာ မသေချာတတ်ခဲ့လေတော့ ညီမရေ ကမ္ဘာဟာ တစ်နေ့နေ့ပြားလာမလားလို့ မျှော်လင့်မိတာဘဲ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

သစ်နက်ဆူး said...

မေ့ သမီး...
ညီမရေ...
ကဗျာကောင်းလေးပါ..
ဒီလိုပါဘဲ...
လျှို့ ဝှက်တဲ့ အချစ်တွေနဲ့ လျှို့ ဝှက်စွာ တိမ်မြှုပ်နေတဲ့ 
သူတွေ အများကြီးပါ..။
လျှို့ ဝှက် ကမ္ဘာလေးတွေကိုယ်စီနဲ့ ပေါ့...။

ကိုလူထွေး said...

ဟင်းးးးးးးးးးးးးးးးးးးးးးးး (သက်ပျင်းသံ)

ဒီကဗျာလေးကို သက်ဆိုင်သူ မဖတ်လိုက်ရဘူးဆိုရင်တော့ တကယ့်ကို စိတ်မကောင်းစရာပဲ...

ဒါပေမယ့် ငါ့ညီမက ဒီနေ့ဒီအချိန်မှာ တခါတုန်းကထက် အများကြီး ပိုရင့်ကျက်နေပြီဆိုတာ မေ့သမီးရဲ့ စာတွေဖတ်ရင် သိပါတယ်...

ကိုလူထွေး said...

ကိုလူထွေးဖတ်ချင်တယ်ဆိုလို့ တင်ပေးတယ်ဆိုပြီး သတိတရရေးထားလို့ ဘွန်းနပ်စ် အနေနဲ့ နောက်တစ်ခေါက် ထပ်မန့်တယ်...

ကျေးဇူးဆပ်တာပါ...

ခင်တဲ့ ...
းဝ)

စီဂျီ ၅၆ said...

ညီမ..

ညီမရဲ့ခံစားချက်ကို ပြီပင်‌အောင်ေ‌ဖ်ာပြနိုင်ပါတယ်။


အကို
စီဂျီ ၅၆

Anonymous said...

ငါ့ညီမ ကဗျာအရေးလည်းကောင်းလှသကိုးကွ၊
နောက်ဆုံးတော့ မေ့သမီးလေး အပျိုကြီး ဖြစ်ရရှာလေသတည်းပေါ့ ၊ (Joke)

Anonymous said...

တစ်ခြားသူတွေကို ဦးစားပေးရင်းနဲ့ သူ့ကဗျာက အထိမိဆုံး ဖြစ်သွားတော့တယ် .......