Monday, August 10, 2009

ညကအိပ်မက်


အမေ့ကိုစိတ်ကောက်တယ်
စက်ဘီးဆွဲပြီး အပြင်ထွက်ခဲ့တယ်
မုံရွာရေဦးလမ်းမပေါ်မှာ ကားတွေရှုပ်နေတယ်
ကြော်ငြာဘုတ်တွေကပ်ထားတဲ့ ကားပေါ်ကလူတွေကလှမ်းစတယ်
တက်ဆိပ်ကိုဝင်တယ်
အန်တီလေးဆီကဖဲထုပ်တောင်းတယ်
အန်တီလေးက အဖေနဲ့တိုင်မယ်ပြောတယ်
မဆော့ရလဲ မဆော့ဘူးနေပေါ့ ဟွန်း
သန္တာနဲ့တွေ့တယ်
နင့်ကိုကရင်က သူနဲ့လာမတွေ့လို့ စိတ်ဆိုးနေတယ်တဲ့
အေးငါသွားတွေ့လိုက်ပါ့မယ်ပြောတယ်
စက်ဘီးဆက်နင်းလာတယ်

ကော်ရည်သောက်တယ် အိမ်မှာ
အဘကနည်းနည်းတိုက်ပြောလို့ နည်းနည်းတိုက်တယ်
ပြီးတော့ မကောင်းဘူးပြောတယ်
စိတ်ဆိုးပြီး ပန်းကန်ကိုင်ပြီးအိမ်ပေါ်ထပ်ကဆင်းလာတယ်
အဲဒီမှာအိပ်ရာနိုးလာတယ်
လွမ်းလိုက်တာကွယ်။ ။

14 comments:

Yu Ya said...

မေ့သမီးရေ... ကော်ရည်အကြောင်းပါလာလို့ ကျွန်တော်မဟေသီက စိတ်ပါလက်ပါ လာဖတ်နေပါတယ်ဗျာ.။ သူက ကော်ရည်သမားဗျ။

yu ya

နွေဆူးလင်္ကာ said...

မုံရွာရေဦးလမ်းဆိုတော့ ကျွန်တော်နဲ့ နီးတယ်ဗျ။ လွမ်းစရာကောင်းတဲ့ အိပ်မက်မက်ပြီးရင် နှစ်ဆ ပိုလွမ်းရပါတယ်။

လင်းဒီပ said...

ညီမရေ....အလွမ်းတွေကတော့ ဘယ်တော့မှမဆုံးဘူး နေကောင်းတယ် မဟုတ်လား.။

MANORHARY said...

မုံရွာရေဦးလမ်းမတဲ့
ကော်ရည်တဲ့
လွမ်းစရာကောင်းတဲ့အိပ်မက်တစ်ခုကို
သွားသတိရတယ်။

MANORHARY said...

မုံရွာရေဦးလမ်းမတဲ့
ကော်ရည်တဲ့
လွမ်းစရာကောင်းတဲ့အိပ်မက်တစ်ခုကို
သွားသတိရတယ်။

kaungkinpyar said...

အိပ်မက်ထဲ လွမ်းရင်း စိတ်ကောက်နေသလားမေ့သမီးလေးရေ

ကိုလူထွေး said...

ဖြစ်မှဖြစ်ရလေ...

အကိုနဲ့ သူ့ကောင်မလေးရောမပါဘူးလား...

း)

မမသီရိ said...

မေ့သမီလေး.
လွမ်းတယ်..
မေမေလဲ လွမ်းနေမှာ အသေအချာ..
ကျန်းမာရေး ဂရုစိုက်ပါ

ဖိုးဂျယ် said...

အမက မြန်မာပြည်က ပြန်လာတာ မကြာသေးဘူး မဟုတ်လားဗျး)

လွမ်းတော့လဲ လွမ်းစရာပါပဲလေ

T T Sweet said...

ကဗျာတွေနဲ့ သိပ်မနီးစပ်တဲ့ အစ်မ၊ ကဗျာအောက်မေ့လို့ ဖတ်နေတာ။ နောက်မှအိပ်မက်မှန်းသိတာ။ ရေးထားတဲ့စတိုင်လေးသိပ်ကြိုက် ... ဖတ်လို့ကောင်းပါတယ်။
အိမ်လွမ်းတဲ့ အိပ်မက်ကလေးက။ မေ့သမီးက သမီးဆိုးလေးလား။ သရုပ်ကိုပေါ်လို့။

Anonymous said...

ေ၇ာက်ဖူးချင်တယ်.. သွားချင်တယ်.. သတိရချင်သေးတယ်..

ဒူကဘာ said...

မေ့သမီး ... ဆန်သယ်လာတဲ့ ဆိုက္ကားသမားကို ကြည့်နေတာ ဆံထောက်တိုနဲ့ က နင်လား? ဘာရယ်တော့ မဟုတ်ပါဖူး ငါ့လာပြီး ရန်ထောင်နေတဲ့ ညီမမို့ ပုံများ တွေ့ရမလား မေးမိတာ။

သစ်နက်ဆူး said...

မုံရွာရေဦးလမ်းတဲ့ လား...
ညီမရေ.
နီးနီးလေးပါလား...
ကိုယ့်မြို့ က နောက်မှာ ဦး တစ်လုံးပါတယ်..။
ရေဦး နဲ့ ခပ်ဆင်ဆင်ပေါ့..။
ရာသက်ပန် လိပ်စာ..
လှလိုက်တဲ့ တင်စားမှု။။

mirror said...

အားးးးးးး လွှတ်မိုက်ပဲ။
တက်ဆိပ်ဆိုတဲ့ နာမည်ကြားဖူးတယ်။
ကိုယ်တို့အိမ်နောက်ဖက်မှာကျတော့ ပုသိမ်-မုံရွာလမ်း

လေးစားခင်မင်လျက်