Showing posts with label အမေးအဖြေ. Show all posts
Showing posts with label အမေးအဖြေ. Show all posts

Friday, March 26, 2010

မေးမယ်နော်

ဖေ့ဘွတ် (Facebook) ပေါ်က သူ့ကွန်မန့် (Comment) တွေဖတ်မိရင်မရယ်ဘဲမနေနိုင်ဘူး။


ဆုံခဲ့ကြတဲ့အကြောင်းတွေပြန်စဉ်းစားမိရင် သူ့ကိုလွမ်းတယ်


ပြောခဲ့ကြတဲ့ စကားတွေကို ပြန်တွေးမိရင် ချက်ချင်းတွေ့ချင်လာတယ်


ဖုန်းဆက်မိတိုင်းမှာ ဖုန်းကတ်ကုန်သွားမှာသာ ရပ်မယ် ကိုယ်ကတော့ မချရက်ခဲ့ဘူး


ပြောဖြစ်တဲ့ စကားတွေကတခါတလေ ပလေပဇာ


ဒါပေမယ့် တခြားသူထက် သူနဲ့ပဲပိုပြောချင်တယ်


ပျော်ရင် ဖုန်းဆက်ချင်တယ် ၀မ်းနည်းရင် ပြောပြချင်တယ်


အောက်မေ့လာရင် ပြေးတွေ့ချင်မိတယ်


မလှဘူးပြောမယ်မှန်းသိသိချည်းနဲ့ အ၀တ်အစားသစ်တွေ ၀တ်ပြမိတတ်တယ်


သူကလှတယ်ပြောရင် သူများပြောတာထက်ယုံတယ်


သူကမလိုက်ဘူးပြောတဲ့ အ၀တ်ကို ရှောင်မယ်


ဘယ်သူမှမပြောတဲ့ စကားကြမ်းကြမ်းတွေ ကိုယ့်ကိုပြောလည်း ကိုယ်ကစိတ်မဆိုးဘူး


သူ့ကိုပစ်ပစ်နှစ်နှစ်ဆဲရင်တောင် သူကပန်းနဲ့ပေါက်တယ်ထင်နေတတ်တာ


သူ့ကိုကိုယ့်အဘိဓာန်ထဲမှာ ဒီလိုဖွင့်တယ်

--------------


အဲဒါဘယ်သူလဲ ဖြေ။ :D