လူသံနဲ့ဝေး
တောအုပ်ဘေးမှာ
တဲကုပ်လေးနဲ့ နေချင်တယ်။
တဲဘေးနောက်ဖက်
ရေထွက်ပေါက်က
စီးကျစမ်းရေ တသွယ်သွယ်…။
ငှက်တေးသံဆင်
ချိုနားဝင်လို့
ပန်းဆင်ဒန်းလည်း ထားရမယ်…။
အိမ်ရှေ့မှာလည်း
သီးပင်စိုက်လို့
ရာသီလိုက်တော့ စားချင်ဖွယ်…။
ပန်းရနံ့လှိုင်
မေတ္တာကြိုင်တယ်
လုံခြုံမှေးမယ် အေးရိပ်ဝယ်။
လူသူနဲ့ဝေး
တောအုပ်ဘေးမှာ
ချစ်တဲ့သူနဲ့ နေချင်တယ်။
10 comments:
နေပါနေပါ ငါ့ညီမ..လူသူနဲ့ဝေးတောအုပ်ဘေးမှာ...:P
မေ့သမီး...
စိတ်ကူးလေးနဲ့ ကဗျာက စိတ်ချမ်းသာဘို့ ကောင်းတယ်..
လူသူဝေးဝေးမှာ အေးချမ်းလို့ လာလည်မလား စိတ်ကူးပါတယ်..
ကဗျာဆုံးမှ သူက...ချစ်သူလေးနဲ့ နေမယ်ဆိုတော့
လာမရှုပ်တော့ပါဘူး...
ဟိုဘက်တောင်ကုန်းတွေဆီကို ရှက်ရမ်းရမ်းပြီး
လျှောက်သွားတော့မယ်...း)
ကဗျာထဲက အတိုင်း တစ်နေ့တော့ ဖြစ်လာမှာပေါ့။
အင်တာနက်မရှိ ဘလော့မရှိနဲ့  နေနိုင်မှာလဲ ဟုတ်ဘဲနဲ့  ... သိနေဒယ်လေ သိနေဒယ်...
အဲလိုနေဖြစ်ရင် ပြောနော်..
လာလည်မလို့..
အကြာကြီးတော့ မနေချင်ဘူး..
ခင်မင်စွာဖြင့်
သီဟသစ်..
ကိုလူထွေးပြောသလို အင်တာနက်မရှိတဲ့နေရာမှာ နေနိုင်လို့လား။ :) ဒီထက်ပိုပြီး ချစ်ခင်စရာကောင်းတဲ့ ပတ်ဝန်းကျင်ရှိသေးလားဗျ :P
ကဗျာလေးက အရမ်းကို လှပလွန်းတယ်...။
စိတ်ကူးတဲ့အတိုင်းဖြစ်ပါစေဗျာ.....။
ကဗျာကောင်းလေးတပုဒ်ပါပဲ ညီမလေးရေ
လူတွေနဲ့ ဝေးတဲ့ တောအုပ်လေးထဲမှာ နှစ်ကိုယ်တူဘ၀တည်ဆောက်ချင်တဲ့ ကဗျာထဲက အတွေးတွေ အပြင်မှာလည်း ပြည့်ဝပါစေ ညီမလေးရေ။
အေးချမ်းလိုက်တဲ့ ဘဝနော် .. တကယ်ကို နေချင်ပျော်ရွှင်ဖွယ်ရာ ညိမ်သက်လွန်းတဲ့ အချစ်ကမ္ဘာလေးပါပဲ ..
Post a Comment