Thursday, March 18, 2010

အတတ်စူးခြင်း

ငါ့အချစ်ကိုကာကွယ်ဖို့

နှလုံးသားကို သော့ခတ်ခဲ့တယ်

စွဲလန်းမှုတွေ ပျံ့နှံ့လို့

အလွမ်းဆိပ်တက်မှာ စိုးလို့ပါ


ဒါပေမယ့်

သူကတော့ အပြင်းအထန်ငြင်းတယ်

အလွမ်းဆိုတာ အချစ်ရဲ့ပြယုတ်

အလွမ်းမရှိတဲ့အချစ်က

ကမ်းမရှိတဲ့ပင်လယ်

ဆားမပါတဲ့ဟင်း

အလင်းမရှိတဲ့နေ့

ပြီးတော့...

ရနံ့မရှိတဲ့ပန်းတဲ့။


အချစ်ကိုသော့ပိတ်လို့

ကိုယ်က အလွမ်းကိုရှောင်တယ်

ဒါပေမယ့်

သူကကိုယ့်ကိုပြောတယ်

အဲဒီသော့ကနေပဲ အလွမ်းဆိပ်တက်

ကိုယ့်အချစ်က ပုံစံပျက်ခဲ့တာကြာလှပေါ့တဲ့…။

3 comments:

မောင်ပါလ said...

ကဗျာရေးလည်းကောင်းတာပဲ

လင်းဒီပ said...

အချစ်က ကူးစက်တတ်တဲ့ ဗိုင်းရပ်တစ်မျိုးပါပဲ
အခုတော့ နှလုံးသားလည်း သော့ပျက်ကြီးနဲ့ အလွမ်းဆိပ်တွေတွေ တက်ပေါ့ :P

ဆောင်းယွန်းလ said...

အလွမ်းဆိုတာ အချစ်ရဲ့ပြယုတ်
အလွမ်းမရှိတဲ့အချစ်က
ကမ်းမရှိတဲ့ပင်လယ်
ဆားမပါတဲ့ဟင်း
အလင်းမရှိတဲ့နေ့
ပြီးတော့...
ရနံ့မရှိတဲ့ပန်းတဲ့..

ကဗျာလေးကလှလိုက်တာ ညီမလေးရေ..