Saturday, January 31, 2009

ကျွန်မရဲ့ အစ်ကို


ThwarNaingPyi - LLW+RBC
ဒီတလောမှာ နားထောင်ဖြစ်နေတဲ့ သီချင်းလေးတွေထဲက တစ်ပုဒ်ပါ။ နားထောင်မိတိုင်းလည်း အိမ်ကအစ်ကို့ကို သတိရလို့ အားလုံးနားထောင်ရအောင်တင်ပေးလိုက်တာပါ။ တစ်ခါမှတော့ အဲဒီလိုအစ်ကိုနဲ့ အချစ်အကြောင်း၊ ကိုယ်ကြိုက်နေတဲ့သူရဲ့အကြောင်းမဆွေးနွေးဘူးပါဘူး။ ဒါပေမယ့် အဲဒီသီချင်းလေးကြားတော့ အစ်ကို့ကိုသတိရနေ မိတယ်။ အစ်ကိုက ကျွန်မထက်၂နှစ်ကြီးပါတယ်။ အေးပြီး စကားနည်းပါတယ်။ ညီမနဲ့ အစ်ကိုကတကယ့်ဆန့်ကျင် ဘက်မို့ ပတ်ဝန်းကျင်က မှားမွေးတာလားလို့ စကြတယ်။ သူအားရင်ဂစ်တာတီးမယ်၊ သီချင်းဆိုမယ်။ အခုနောက်ပိုင်း တော့ ရုပ်ရှင်တွေကြည့်တယ်။ တခါတလေ ဂိမ်းသွားဆော့မယ်။ ဆယ်တန်ုးမအောင်ခင်အထိ ဘယ်သူငယ်ချင်းနဲ့မှ အပြင်သွားလိုက်ဦးမယ်ဆိုတာမျိုးလည်းမရှိဘူး။ ညီမလုပ်တဲ့သူကသာ စက်ဘီးတစ်စီးနဲ့ မြို့ပတ်နေတာ။ အလယ်တန်ုးကျောင်းသူဘ၀ကတည်းက သူငယ်ချင်းမွေးနေ့သွားဦးမယ် ၁၁နာရီလောက်ပြန်ရောက်မယ်ဆိုပြီး ညနေ ၃နာရီမှပြန်ရောက်တာတို့၊ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းနဲ့မြက်တိုကို စက်ဘီးပြိုင်နင်းတာတို့၊ ရေကြည်ဦးဘုရား ကိုစက်ဘီးနဲ့သွားတာတို့ အစုံပဲ။ (ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာနာလိုက်တာ။) အဲဒီလိုကျွန်မက သူငယ်ချင်း အပေါင်းအသင်းများသလောက် အစ်ကိုကတော့ဆယ်တန်းအောင်ပြီးမှပဲ သူ့သူငယ်ချင်းတွေကအိမ်လာခေါ်၊ အပြင် သွားနဲ့ နည်းနည်းအပေါင်းအသင်းနဲ့သွားတတ်လာတတ်ဖြစ်လာပါတယ်။ အမေကလည်း ကိုကြီးကိုအပြင်ထွက်စေ ချင်တာကို။ ဆယ်တန်းအောင်တော့ ကိုကြီးက Chemistry majorရပါတယ်။ သူ့သူငယ်ချင်းက ပထ၀ီပဲရတော့ သူလည်းပထ၀ီပြောင်းပြီး အဝေးသင်တက်ပါတယ်။ အဲဒီအချိန်မှာ အမေ့ညီမအငယ်ဆုံးရှိတဲ့ ရန်ကုန်မှာအစ်ကိုက သွားနေပါတယ်။ စာမေးပွဲဖြေတဲ့အချိန်မှပြန်လာတာပေါ့။ အဲဒီလိုနဲ့ ပထမနှစ်မှာအစ်ကို ကောင်မလေးတစ်ယောက်ကို ကြိုက်ပါတယ်။ ကောင်မလေးတော့မဟုတ်ပါဘူး။ သူ့ထက်တောင် ၃နှစ်ကြီးပါတယ်။ အဲဒါကိုကျွန်မကလုံးဝ သဘောမတူနိုင်ဖြစ်ခဲ့တာပေါ့။ တိုတိုပြောရရင်အဲဒီအစ်မနဲ့သူရည်းစားမကျ၊ သူငယ်ချင်းမကလိုမျိုးဖြစ်ပြီး နောက်ဇာတ်လမ်းပြတ်သွားပါတယ်။ (ကျွန်မကြောင့် ပြတ်တာတော့မဟုတ်ပါဘူး)။ ဒါပေမယ့် ကျွန်မကတော်တော့် ကိုအဲဒီကိစ္စကိုမကျေမနပ်၊ ဆူဆူပူပူလုပ်ခဲ့တာပါ။ သူ့ကိုလည်းအရမ်းချစ်တော့ သူရည်းစားရသွားရင် ကျွန်မကို မချစ်တော့မှာစိုးလို့ပါ။ အခုကျတော့လည်းကိုယ်က အဝေးရောက်နေတဲ့အခါကျတော့ သူ့မှာခပ်အေးအေးရည်းစား လေး တစ်ယောက်ရှိရင်ကောင်းမှာပဲလို့တွေးမိပါတယ်။ အခုမှပါ။ အရင်တုန်းကဆို အစ်ကို့သူငယ်ချင်းတွေက “ဇော်ဇော် အဲဒီကောင်မလေးလိုက်ပါလား။ အေးအေးဆေးဆေးလေးကွ”လို့ မြှောက်ပေးရင် အစ်ကိုက “မင်းတို့ကလဲ ကွာ၊ ငါ့ညီမအကြောင်းလည်းသိသားနဲ့”လို့ပြန်ပြောတတ်တာပါ။ အခုတော့ အစ်ကိုအနားမှာမရှိမှ သူ့ကိုဗိုလ်ကျခဲ့တာတွေတွေးမိရင် ရယ်လည်းရယ်ချင်၊ တခါတလေ အစ်ကို့ကိုလည်း သနားမိသေးတယ်။ အခုနေအစ်ကိုက သူကြိုက်တဲ့ကောင်မလေးအကြောင်းရင်ဖွင့်လာရင် ကောင်းကောင်းမွန်မွန်နားထောင်ပေးတော့ မယ်လို့ စိတ်ကူးမိပေမယ့် အစ်ကိုကအဝေးမှာလေ။

6 comments:

ဆောင်းယွန်းလ said...

ညီမလေးအကိုနဲ့မကြာခင်ပြန်ဆုံကြပါစေ..
အဲဒီအခါကျရင်.ကိုယ်ကြိုက်တဲ့အကြောင်းတွေလည်း
ပြောပြနိုင်ဖို့ရဲဆေးတင်ထားပေါ့...

Anonymous said...

ညီမတွေက အကိုကိုချွဲတာပေါ့ သူတို့ ကြိုက်တဲ့ သူလဲတွေ့ရော ..ပူနောင် ဂျိန်ဂျိန်..ပူးဂျိန်ဂျိန်..ပေါ့

လင်းဒီပ said...

ဆိုးလိုက်တဲ့ညီမ...ဒါကြောင့် အစ်ကိုတွေ လူပျိုကြီးဖြစ်ရတာ..:P

Anonymous said...

မေ့သမီးက ပုသိမ်သူလား။ အမလဲ ပုသိမ်သူပဲဟ..
ခင်မင်းဇော်

Anonymous said...

sis,
I want that song. Can you share the download link?

ကိုလူထွေး said...

ကောင်မလေး... ကိုယ့်အလှည့်ကျ ဝဋ်လည်မယ်လေ... ဘယ်နှယ့်တုန်း... မျှမျှတတ တွေးမှပေါ့...