Saturday, February 21, 2009

Birthday Happiness

အားလုံးနဲ့အပျော်တွေကိုမျှဝေပေးလိုက်ပါတယ်။ ဒီနေ့က မေ့သမီးရဲ့မွေးနေ့ပါ။ အခုတော့မအိပ်ရသေးတော့ မနက်ဖြန်လို့ပြောရမလားမသိဘူး။ ညကအခန်းထဲမှာကိုရီးယားကားကြည့်နေတဲ့အချိန် ဘေးချင်းကပ်အိမ်မှာနေတဲ့ အစ်ကိုကဖုန်းဆက်ခေါ်တယ်။ ၁၁နာရီ မိနစ်၅၀လောက်ရှိနေပြီ။ မနက်တုန်းကကျောင်းမသွားခင်သူ့ကို ဟင်းထည့်ပေးခဲ့တဲ့ပန်းကန်တွေလာပို့မလို့ အောက်ခဏဆင်းခဲ့တဲ့။အဲဒါနဲ့ပဲ အောက်ဆင်းသွားတော့ အိမ်မှာအတူနေတဲ့ကုလားမလေးကရေချိုးခန်းထဲက ထွက်လာတယ်။ ကိုယ့်ကိုရယ်ပြတယ်။ တစ်အိမ်လုံးက အမြဲတမ်းလျှပ်စစ်ချွေတာရေးနဲ့ အမှောင်ချချထားတတ်တော့ မီးဖိုခန်းထဲလည်း မမြင်ရဘူး။ အဲဒါနဲ့ ပြန်ပြုံးပြပြီး အိမ်ထဲကထွက်ပြီး ဟိုဘက်အိမ်ကိုကူးသွားတယ်။ အစ်ကိုကထွက်လာပြီး ပန်းကန်တွေပေးတော့ ဗိုက်ဆာလိုက်တာလို့၊ အစ်ကို့(နောက်တစ်အိမ်မှာနေတဲ့အစ်ကို) ဆီသွားပြီးတစ်ခုခုသွားတောင်းစားရအောင်ဆိုတော့ အေးတဲ့။ အဲဒါနဲ့ ပန်းကန်ကိုမီးဖိုချောင်ထဲမှာ ထားမလို့လုပ်နေတုန်း ခုနကမုန့်သွားတောင်းစားမယ်ဆိုတဲ့အိမ်က အစ်ကိုကကိုယ့်အိမ်ထဲကနေထွက်လာတယ်။ ဟင် အိမ်ထဲရောက်နေတာလားဆိုတော့ အင်းဆိုပြီး ကိုယ့်ကိုလည်းအိမ်ထဲခေါ်သွားတယ်။ ထမင်းစားခန်းထဲ ရောက်တော့မှကိတ်မုန့်ပြင်ထားတာတွေ့ပြီး တစ်ယောက်ပြီးတစ်ယောက် Birthday Song ဆိုပြီးမီးဖိုခန်းထဲက ထွက်လာကြတယ်။ ကိုယ်နဲ့အတူနေတဲ့ အစ်မ၊ ကုလားမလေးနှစ်ယောက်၊ ကိုယ်တို့မြန်မာအစ်ကို၊ အစ်မတွေ အားလုံးနီးပါးရောက်နေကြပြီး ကိုယ့်ကို Birthday Party လေးလုပ်ပေးကြတယ်။ ကိုယ့်ရဲ့အပျော်တွေကို အားလုံးနဲ့ မျှဝေလိုက်ပါတယ်။ မွေးနေ့မှာ မိသားစုနဲ့ ဝေးနေရတယ်ဆိုပြီးဝမ်းနည်းနေတာကို ပြေပျောက်အောင်လုပ်ပေးတဲ့အစ်ကို၊ အစ်မတွေ၊ သူငယ်ချင်းတွေအားလုံးကို လည်း ကျေးဇူးတင်လိုက်တာ။ ကိတ်မုန့်နဲ့ ရတဲ့လက်ဆောင်တွေကို ကြွားလိုက်ပါတယ်။

ကိတ်မုန့်စားသွားကြပါဦး။

အမှတ်တရ တစ်ခုခုရေးသွားလေ။

အမှတ်တရလေးတွေပါ။

(ပို့စ်ကညကရေးထားတာပါ။ ဒါပေမယ့် ဘယ်လိုမှပုံတွေတင်မရတာနဲ့အခုမှတင်ပေးလိုက်ပါတယ်။ အားလုံးလည်းပျော်ရွှင်ပါစေ။ )


17 comments:

လင်းဒီပ said...

့Happy Birthday ပါညီမရေ...
ပျော်ရွှင်ဖွယ် နေရက်များစွာ
အေးချမ်းအောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေ..
စာတွေလည်း ပိုရေးနိုင်ပါစေ...

ဆောင်းယွန်းလ said...

ညီမလေးရေ Happy Birthday.....ပါ.
ပျော်ရွှင်ဖွယ်ရာမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်လက်ချမ်းသာစွာနဲ့ ဘဝရဲ့ခရီးကိုလျှောက်လှမ်းနိုင်ပြီး စာတွေ ကဗျာတွေအများကြီးရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ညီမလေးရေ...

kay said...

Happy Birthday ကလဲ..ခဏခဏ လုပ်ပေးနေရတယ်..
း)
ဒီတခါ တကယ်ပေါ့..

ATN said...

Happy Birthday!!!!

GHOSTBELL said...

HAPPY BIRTHDAY...............
အမြဲအောင်မြင်စွာ ပျော်ရွှင်နိုင်ပါစေ။

ဖြိုးဝေတိုး said...

မွေးနေ့ပွဲမှာ ပျောရွှင်နေပါစေဗျာ
ယနေ့ကစပြီး ဘဝလမ်းမှာ ဖြောင့်ဖြူသာယာပါစေလို့ဆုတောင်းပေပါတယ်

ဖြစ်ချင်တဲ့ ဆန္ဒ
ဖြစ်နေတဲ့ ဘဝ
ဘဝနဲ့ဆန္ဒ
အချိုးကြလှပပြီး
ပကာသနတွေဘေးချိတ်
မာယာအလှတွေမပါတဲ့
အရိုးရှင်းဆုံးသော
ဘဝလေး ကိုပိုင်ဆိုင်နိုင်ပါစေဗျာ

Anonymous said...

ဆောရီး ပါ မေ့သမီးလေး ရေ..
မမ အရောက် နောက်ကျတယ်
အလုပ် ရှုပ် တာရော..
ကိစ္စလေး တွေ များနေတာ ရော
Happy Birthday ....
Wishing you to have bright future,
happy and healthy life............

ချစ်တဲ့
မမသီရိ

ဖိုးဂျယ် said...

မွေးနေ့ လာတာ လမ်းမှာ ကားလမ်းပိတ်နေလို့
နောက်ကျသွားတယ် အမရေး)
(အကြောင်းပြချက်က ခိုင်လုံတယ်နော်)
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
ပျော်ရွှင်ချမ်းမြေ့သော ဘ၀တစ်ခုပိုင်ဆိုင်နိုင်ပါစေ အမရေ
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တထပ်တည်းကျနိုင်ပါစေဗျာ

ဖိုးဂျယ်

molay88 said...

ဆောရီးဗျာ လေယာဉ်ပျံ အတောင်ပံ ကျိုးသွားလို့နောက် ကျ သွားတယ်.. ။တော်သေးတယ် ကိတ်မုန့်လေး တစ်တုံး ကျန်သေးလို့ပေါ့.. .။နောက်မို့ဆိုရင် လေယာဉ်လက်မှတ်ဖိုးနဲ့ ကာမိမှာမဟုတ်ဘူး :-)။
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သော အမျိုးကောင်းသမီး လေးတစ်ယောက်ဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်..။

ခင်မင်းဇော် said...

ပျော်ရွှင်ဖွယ် မွေးနေ့ နှစ်တရာ နှစ်ဆယ် တိုင်စေသော်ဝ်။
(ခရီးထွက်နေလို့ အရောက်နောက်ကျသွားပါတယ်)

Anonymous said...

ယခု မွေးနေ့ မှ စပြီး နောင်အချိန်အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေဗျာ ......

P.Ti said...

Belated Birthday Wish for you...

Happy Birthday To You.

May all your birthday wishes come true...

ယောနသံစင်ရော် said...

ညီမရေ.. အမလည်း ဆုတောင်းတာနောက်ကျသွားတယ်။
မေဖန်ဆင်းတဲ့ ပန်းတပွင့်... နောက်နှစ်ပေါင်းများစွာတိုင် .. လူတိုင်းစိတ်နှလုံးကိုအေးမြစေတဲ့... ပန်းလေးတပွင့်အဖြစ်ပွင့်လန်းနိုင်ပါစေ...။

khin oo may said...

့happy birthday ..

မေ့သမီး said...

အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ကျသွားပေမယ့် မွေးနေ့ဆုတောင်းပေးသွားကြတဲ့ညီအစ်ကိုမောင်နှမတွေ ကိုကျေးဇူးအထူးပါ။

Welcome said...

မဖိတ်ဘဲ လာတဲ့ ဧည့်သည်ကို မောင်းထုတ်မယ် မထင်ပါဘူး
ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်ပါစေ
မွေးနေ့ကစလို့
ဘ၀နဲ့ဆန္ဒထပ်တူ ကျပါစေဗျာ။

မိုးသောက်(ရှမ်းလေး) said...

မွေးနေ့ဆုတောင်းကို နောက်ကမှပေးလို့ ရပါတယ်နော... မွေးနေ့မှစပြီး ပျော်ရွှင်စရာနေ့ရက်များကိုသာ ပိုင်ဆိုင်နိုင်ပါစေ... ကျွန်တော်နဲ့ မွေးလချင်းတူတယ်ဗျ... :D