Saturday, February 14, 2009

ချစ်-မုန်း


မချစ်တတ်ခင်
မုန်းစ၀င်၍
ပြုံးရွှင်လက်စ
ပျောက်ခဲ့ရသည်...

မကြင်တတ်ခင်
ကျင်ဒဏ်မြင်၍
မျက်ရည်လက်စ
ခွဲခဲ့ရသည်...

မုန်းလျှင်အပြစ်
ရန်သူဖြစ်၍
နောက်များဘယ်ခါ
တွေ့လိုပါပြီ
ကိုယ်ချစ်သူက မေ့သောကြောင့်။ ။



မေ့သမီး

9 comments:

Welcome said...

လေးလုံးစပ် အချစ်ကဗျာလှလှလေး
လာဖတ်ပါတယ်။
ဓာတ်ပုံပါ ငှက်လေးတွေရဲ့ လှုပ်ရှားမှုလည်း
ကဗျာကို ပိုအသက်ဝင်စေပါတယ်
အားပေးလျက်ပါ။

Anonymous said...

ညီမလေးရေ လောကမှာ လူတွေက အချစ်အမုန်း အဲဒီနှစ်ခုကြားထဲမှာဘဲ သံသရာလည်နေကြတာ၊ ညီမလေးလည်း လူထဲကလူဆိုတော့ အဲဒီအချစ်အမုန်းဆိုတာကို ခံစားမိတာ သဘာဝကျပါတယ်၊ ကဗျာလေးက ကောင်းတယ်၊ အမုန်းတွေကင်းပြီး အချစ်တွေသာ သက်ရောက်ပါစေကွယ်။

ဆောင်းယွန်းလ said...

ခံစားမှုကဗျာလှလှလေးကို လာဖတ်တယ်ညီမလေးရေ..

ချစ်လျှင်အပြုံး
နှလုံးအေးစေ
အသင်္ချေ မိုင်တွေဝေးလည်း
နီးနီးကလေးပဲ အနားမှာ...

အကိုလည်း ဝင်ခံစားသွားတယ်...
ညီမလေး ရွှင်လန်းချမ်းမြေ့ပါစေ...

လင်းဒီပ said...

အချစ်ပြီးတော့ အမုန်း
တခါ အချစ်ပြန်လာ..နောက်တော့အမုန်း
ချစ်..မုန်း အလီလီ လူဘဝခရီးရှည်ကြီး..
အဘတော့ မောတယ်ကွယ်..ဟီး

Anonymous said...

မေ့သမီးလေး...
တယ် စိတ်ကြီး သကိုး....း)...
သူမေ့ရုံလေး နဲ့..ရန်သူလို့တော့
မသတ်မှတ်လိုက်နဲ့လေ..

ဖြိုးငယ် said...

ကဗျာလေးက မဆိုးဘူးဗျ ..လှတယ်

Anonymous said...

မေ့သမီးက ကဗျာလဲ ကောင်းသကိုး... ဒါပေသိ ကဗျာ နောက်ဆုံးပိုဒ်လို ငါလဲ ညီးကို ဘာမှလဲ မပြောရပါလား? အဟေ...ဟေ..နောက်တာနော် ... ခင်လို့ပါ၊ ကဗျာ ကောင်းတယ် ..ဗဲရီးဂွတ်။

My Diary said...

ကဗျာလေးကောင်းတယ်
ပို့စ်တစ်ခုကို မန့်ပေးထားရာကနေတွေ့လို့ ပြောသွားတဲ့ စကားလေးလှလို့ နောက်ကနေ ခြေရာခံလိုက်လာတာ

လင်းလက်ကြယ်စင် said...

ကဗျာလေးကောင်းတယ်။ ချစ်ခြင်း ၊ မုန်းခြင်းတွေကြားမှာ ချစ်ခြင်းကြောင့်သာ ပျော်ရွှင်ပါစေ :)