Friday, February 13, 2009
လက်ဆင့်ကမ်းအမွေ
အသက်ကငယ်သော်ငြား
စိတ်ထားခိုင်ကျည်သူ
အာဏာမမက်
စည်းစိမ်မဖက်
နိုင်ငံအတွက်မွေး
ပြည်သူအတွက်စတေးခဲ့
သူဟာ ငါ့တို့သူရဲကောင်း
သူဟာ ငါတို့ခေါင်းဆောင်
သူဟာ ငါတို့အလင်းရောင်
သူရဲကောင်းဖယ်တဲ့နောက်
ခေါင်းဆောင်ပယ်တဲ့နောက်
အလင်းရောင်ကွယ်တဲ့နောက်
တောကြောင်တွေခမောင်းသံ
ဒီမြေမှာညံတယ်
အဖမဲ့တဲ့သား
ရေခမ်းတဲ့ငါးမို့
အားငယ်ခဲ့လည်း
သူပြခဲ့တဲ့လမ်း
ဇွဲ၊ သတ္တိနဲ့လှမ်းမှ
တို့လိုချင်တဲ့ပန်းတိုင်
ငါတို့ပိုင်ရမယ်
သူ အနားမှာမမြင်လည်း
အိုးဝေတွေတွန်တဲ့မြေမှာ
သူရှိနေဆဲ
ငါယုံကြည်လို့
သူ့စိတ်ဓါတ်ကိုလက်ဆင့်ကမ်း
ပြည်သူ့ဝန်ထမ်းဖို့
ငါတို့တွေသွေးစည်း
ညီညာရှေ့တက်
ခရီးဆက်ကြစို့လေ။
မေ့သမီး
Subscribe to:
Post Comments (Atom)
7 comments:
အရမ်းကောင်းတဲ့ကဗျာဘဲဗျာ...။
ကဗျာလေးအရမ်းဖတ်လို့ကောင်းတယ် ညီမလေး
အားပေးနေပါတယ်....
ကဗျာကောင်းလေးပါ ညီမရေ..
အရမ်းကောင်းတယ် မမေရေ.....
ကဗျာလေးကောင်းတယ်။ :-)
ကဗျာလေးက အားမာန်တွေ ပြည့်နေတာပဲ
ခုမှရောက်ဖူးတယ်။ ကဗျာကောင်းလေးကို ဖတ်သွားပါတယ်။ ရင်ထဲက ခံစားချက်တွေ အရမ်းပေါ်လွင်တဲ့ ကဗျာလေးပါ...
Post a Comment