Parade လုပ်မယ့်နေရာရောက်တော့ ရာသီဥတုကဖောက်ပြန်လာတော့တယ်။ တစ်နေ့လုံးပူနေတဲ့နေပျောက်သွားပြီး မှောင်လာပါတော့တယ်။ အဲဒီအချိန်အထိတော့ ကဲလို့ကောင်းတုန်းပေါ့လေ။ ကျောင်းအတွက်လုပ်ပေးထားတဲ့ Banner ကိုယူပြီး ဓါတ်ပုံတွေရိုက်ကြပါတယ်။ Parade မစခင်မှာပဲမိုးကရွာလာပါတော့တယ်။ မိုးရွာကြီးထဲမှာ လမ်းလျှောက်ရတာပေါ့လေ။ စင်္ကာပူမြစ်ကိုဖြတ်တဲ့တံတားပေါ်ကနေဖြတ်ပြီး ပွဲလုပ်မယ့်နေရာကိုသွားကြတော့ လမ်းမှာမိုးကသည်းသထက်သည်းလာပါတယ်။ ဒါပေမယ့် အတန်းထဲကကောင်တွေကတော့ ပျော်နေကြတုန်းပဲ။ သူတို့ကြည့်ပြီး ကိုယ်ပါအလိုလိုမြူးလာပါတယ်။ Irish သူငယ်ချင်းကရှေ့ကနေတိုင်ပေးပါတယ်။ ကျောင်းနာမည် LKY လို့အော်ရင် ဘူးဝါး ဘူးဝါးလို့အော်မယ်တဲ့။ အဲဒါနဲ့ တလမ်းလုံး LKY LKY ဘူးဝါး ဘူးဝါး ဘူးဝါး ဆိုပြီး တစ်လမ်းလုံး လုပ်လာကြတယ်။ ပွဲလုပ်တဲ့အမိုးအောက်ရောက်တော့ Parade အတွက်ချီတက်လာကြတဲ့အဖွဲ့တွေကို နာမည်ခေါ်ပြီး လက်ခုပ်တီးရင်လည်း LKY LKY ဘူးဝါး ဘူးဝါး ဘူးဝါး ပါပဲ။ ဘာမှန်းသာမသိပေမယ့် ကိုယ်တွေတဖွဲ့လုံး လည်းဘူးဝါးဘူးဝါးပေါ့။
တစ်ချို့အဖွဲ့တွေက အကတွေ၊ အတီးအမှုတ်တွေနဲ့ဖျော်ဖြေပါတယ်။ အဲဒီထဲမှာထူးထူးခြားခြားဖျော်ဖြေမှုတစ်ခု ကတော့ Star Wars Fans ဆိုတဲ့အဖွဲ့ပါ။ သူတို့က Star Wars ကလူတွေအတိုင်းဝတ်ထားပြီးတော့ သရုပ်ဆောင်ပြ သွားပါတယ်။ ပျော်စရာပွဲလေးပါပဲ။ မိုးတွေရွာ၊ အေးစိမ့်စိမ့်နဲ့ ၀တ်ထားတဲ့ရှုးဖိနပ်ထဲရေတွေဝင်ပြီး ခြေထောက်ကိုက်လာတာကလွဲလို့ပေါ့။ အားလုံးကြည့်လို့ရအောင် ဓါတ်ပုံတွေတင်ပေးလိုက်ပါတယ်။
11 comments:
အဲ့တာ ဘာလုပ်ကြတာလဲဟင် ငှင် ငှင် :)
မေ့သမီးပုံကြည့်ချင်ပါက ခေါင်းစွပ်ကြီးနဲ့ star war ဝတ်စုံထဲမှာ ရှိပါတယ်။ (တိုးတိုး သတင်း..:P)
အဖြူရောင်ဝတ်စုံထဲမှာပါ...:P
ပျော်စရာကြီးပေါ့..ကြည့်လို့လည်းကောင်းတယ် ညီမလေးရေ
ကိုလင်း ပြောသလို မေ့သမီး ခေါင်းစွပ်ထဲမှာ ရှိတာ မဟုတ်ဖူးတဲ့ ခိုင်မာတဲ့ သတင်းရပ်ကွက်က လာတာအရတော့ ခြေထောက်ပဲ ပါတဲ့ ဓါတ်ပုံက မေ့သမီးတဲ့လေ... ဘာပဲ ဖြစ်ဖြစ် ... အဟိ.... ပက်ထရစ်နဲ့ အတူ ပျော်ရွှင်ပါစေ။
အပေါ်ကပြောသွားတဲ့ နှစ်ယောက်ထည်းက ဘယ်ဟာအမှန်လည်းဟင်...၊ မှန်မှန်ပြောနော်...
ဘူးဝါး...ဘူးဝါး.....ဘူးထွားထွား....ထွား။
ခြေထောက်ကိုလိုက်ရှာနေမိသည်..။
ခေါင်းစွပ်ကြီးကိုလိုက်ရှာနေမိသည်....။
ကျောက်စိမ်းနတ်မိမယ်များရဲ့ ပျော်ပွဲကိုဝင်ရောက်ပျော်ရွင်သွားပါတယ်.........။
ပျော်စရာကြီး...။
Star “world” fan ဆိုတာ အသစ်ပေါ်လာတာလား.ဟင်
ဆောရီး Star War ပါ။ မှားတွားလို့။ ကျေးဇူးနော်။
ပျော်စရာပွဲတော်လေးပါ ညီမရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဘူးဝါး ဘူးဝါး
Post a Comment