Thursday, March 26, 2009

စိတ်ညစ်တဲ့စာ

ဒီရက်ပိုင်း ကျန်းမာရေးမကောင်းတဲ့အတွက် စာရေးကျဲပါဦးမယ်။ ဘာကြောင့်မှန်းမသိ ခေါင်းမူးမူးနေတယ်။ ပိုဆိုးတာက ဘတ်စ်ကားစီးတိုင်း မူးနေတယ်။ နေ့ခင်းဘက်အပြင်သွားပြီး ပြန်လာပြီဆိုရင် အဲဒီနေ့တညနေလုံးစာလုပ်လို့မရတော့။ ခေါင်းကကိုက် သလို၊ မူးသလိုနဲ့ နေရတာအဆင်မပြေတော့။ (အသက်ကလည်းကြီးပြီကိုး။ :P) အဲဒါကြောင့် စီးတီးဟောသွားပြီး ထမင်းစားဖို့တောင် ဘတ်စ်ကားစီးရမှာ၊ ရထားစီးရမှာကိုကြောက်နေရတယ်။ အပြင်ကိုမထွက်ချင်တာ။ ကျောင်းသွား၊ ပြန်လာရင် အိပ်ရာထဲပဲခွေနေချင်တယ်။ အကိုတွေ၊ အမတွေ ဘလော့လည်ရင် အားရစရာ၊ စာတွေရေးထားလိုက်ကြတာ။ ကိုယ့်မှာတော့ ကွန်ပျူတာကြာကြာကိုင်ရင်တောင် ခေါင်းကမကြည်တော့။ ပြီးခဲ့တဲ့ semester တုန်းက အိမ်ကယူလာတဲ့မျက်မှန် ၂လက်လုံးကျိုးသွားတယ်။ အဲဒီတော့ ကွန်ပျူတာကိုင်ရင် ကြည့်စရာကမရှိတော့။ မျက်လုံးကို ၀တ်လစ်စလစ်နဲ့ပဲ ကြည့်နေရတယ်။ :P အဲတော့ သိပ်ကြည့် ရတာအဆင်မပြေချင်။ မျက်မှန် ၂လက်စလုံးက Frameless ဆိုတော့ ဖိမိတော့ မှန်တွေကျိုးကုန်တာ။ ဒီကမျက်မှန်ဆိုင်သွားရမှာလည်း ၁၂၀ဆိုတော့ ဘတ်ဂျက်ကအခြေအနေမကောင်း ရတဲ့ကြားထဲ မသွားနိုင်။ တစ်နေ့တစ်နေ့ လကုန်ကုန်ချင်းအကောင့်ထဲပိုက်ဆံဝင်ပါစေပဲ ထိုင်ဆုတောင်းနေရတယ်။ ဒီကြားထဲ ချက်ရပြုတ်ရတာအချိန်ကုန်ပါတယ်ဆိုပြီး ဘေးကပ်ရက်မှာရှိတဲ့ Adam Food Center ကိုသွားစားပါတယ်။ ၂ရက်လောက်စားပြီးတော့ မစားချင်တော့။ ဘာတွေမှန်းကိုမသိ။ စင်္ကာပူလူမျိုးတွေဟာ အကောင်းလည်း စားတတ်ပုံ မရဘူး။ ကုလားစာလည်း စင်္ကာပူရောက်တော့ပျက်၊ တရုတ်စာလည်း ပျက်။ အစားအသောက်အကောင်းကို မစားတတ်ဘူးထင်ပါတယ်။ ကိုယ်တွေမှာအစားအသောက်ကောင်းကောင်းစားချင်ရင် မြန်မာအစားအစာဆို စီးတီးဟောသွား၊ ကုလားစာစားချင်ရင် တရုတ်တန်းမှာရှိတဲ့ Annalakashmi ကိုသွားချင်သွား၊ ဒါမှမဟုတ် Australian အစားအသောက်ရတဲ့ အနားက Mad Jack ကိုသွား၊ ဒါမှမဟုတ် KFC သွားရင်သွား။ ဘယ်ပဲသွားစားစားပါ တခြားနိုင်ငံကအစားအသောက်ပါပဲ။ စင်္ကာပူအစားအသောက်ကောင်းကောင်းသိရင် လမ်းညွှန်ကြပါဦး။ မြည်းကြည့်ချင်လို့။ လူကလည်း Depression တောင်ရတော့မယ်။ ကျောင်းစာတော့ Depression ရမှာမဟုတ်ဘူး။ အဲဒီအစားအသောက်ကောင်းကောင်းမစားရတဲ့ ဒုက္ခနဲ့ရမှာ။ စိတ်ညစ်တယ်။ ကျောင်းကကင်တင်းကလည်း နေ့တိုင်းစားတော့ ထူးမခြားနားဖြစ်နေပြီ။ တစ်နေ့လာလည်း Hor Fan၊ တစ်နေ့လာလည်း ဒံပေါက်၊ တစ်နေ့လာလည်း Cheese ပလာတာနဲ့ ပဲဟင်း။ အဲဒီသုံးမျိုးကိုလှည့်ပတ်စားနေရတာ စိတ်ညစ်နေပြီ။ ဒီနေ့လည်း အဲဒီ Food Center ကိုမသွားချင်တော့ဘူးဆိုပြီး အိမ်မှာရှိတဲ့ အာလူးကြော်ပြီး ဂေါ်ဖီသုတ်နဲ့စားတာ အာလူးကတူးပြီး ဂေါ်ဖီသုပ်ကချဉ်တူးနေတာပဲ။ စိတ်နဲ့ကိုယ်နဲ့ညစ်ပါတယ်ဗျို့။


(ဓါတ်ပုံက Google က)

12 comments:

မမသီရိ said...

မေ့သမီလေး..
သနားစရာ.. စာကျက်ရင်း ဟင်းပြန်ချက်ကြည့်ပါလား ကွယ်
ကျန်းမာရေးတော့ ဂရုစိုက်နော်

Anonymous said...

အင်း ....ဖြစ်ရမယ်.... မိုးမိတာဘဲဖြစ်မှာပေါ့ ၊ နင်လည်းသည်းချင်သလိုသည်းဆိုတော့ ဟိုကလည်း မစဲဘဲသည်းတော့.... နမိုးနီးယားဖြစ်တာဘဲဖြစ်မယ်၊ ကျမ်းမာရေးဂရုစိုက် ညီမရေ။

လင်းဒီပ said...

ကျန်းမာရေးတော့ ဂရုစိုက်ဟေ့..
မိဝေးဖဝေးနေရတာ မဟုတ်လား မေ့သမီးရဲ့..

မျက်မှန်တွေ ကျိုးကုန်တော့ ဘာနဲ့ကြည့်မလဲ..

(ငါ့ညီမက ကျွဲကောသီးခွံကြီး ဆောင်းထားတာတောင် ချောတုန်းနော်..ဟီး)

Sir Yaw said...

လွယ်လွယ် လေး အသားတွေ ဝယ်ပြီး
အစိမ်းလိုက် ဆာရှီးမီလုပ်စား

Anonymous said...

သိပ်မသောက်နဲ့ကွယ်
မိုးမိသွားလို့ နေပါလိမ့်မယ်...။
မျက်လုံးကို ဝတ်လစ်စလစ်နဲ့ကြည့်နေရတယ်
ဆိုတဲ့အရေးအသားကို သဘောကျတယ်...။
ပိုက်ဆံမြန်မြန်ဝင်လာပါစေလို့ ဆုတောင်းပေးလိုက်တယ်။
အပေါ်က လင်းဒီပပြောတာလေးကိုလဲ
သဘောကျသွားပါတယ်...။
နဂိုကတည်းက ရုပ်အခံရှိလို့နေပါလိမ့်မယ်..
နှုတ်ခမ်းမွေးတွေက ရှည်နေသလိုပဲ...

khin oo may said...

ကြက်ဥလေးကြော်စားပါလား။အကောင်းပြောတာ။ တို့ကဒီနေ့ ပုဇွန်ခြောက် နဲ့ ငပိကြော်နဲ့စားတယ။် မစားနိုင်လို့ငိုတောင် ငိုချင်တာ။ တရုတ်စာတွေ ကုလားစာတွေ အနံ့တောင် မခံချင်တော့ဘူး။

သီဟသစ် said...

မေ့သမီးရေ
ဟုတ်ပါ့။ ဒီက အစားအသောက်တော့ သိပ်မကြိုက်ဘူး.
ကိုယ့်ဘာသာကိုယ် အိမ်မှာ လျှောက်ချက်တာက မှ စာကောင်းသေးတယ်။

မိုးမြင့်အောင် said...

ကိုဆောင်းယွန်းလပြောတာကတော့ ကျန်းမာရေးကပထမတဲ့။ ပြီးမှ စီးပွားရေးတို့ ပညာရေးတို့လာတာတဲ့။ ကျန်းမာရေး ဂရုစိုက်လိုက်ပါ တော်ကြာ ရင်းနှီးမြှုပ်နှံထားတာလေးတွေ အရှုံးပေါ်သွားတာထက် မြန်မာပြည်မှာကျန်ခဲ့သူတွေအတွက စိုးရိမ်စရာဖြစ်နေမယ်။

Unknown said...

mu tar .. lu 10 mar 8 mu bu tal..don't afraid .but medicine drink yin thet thar tal ... i mu tone ka .. ann chin tal.. e par chin tal ... drink lo ya tae medicine ka ... Stemetil .... one day .. ah myar sone 3 lone ... and then ... take less take less upon situation

မေ့သမီး said...

မမသီရိရေ ကျန်းမာရေးကို ဂရုစိုက်ပေမယ့် ကျန်းမာရေးက ကိုယ့်ကိုဂရုမစိုက်ဘူးဖြစ်နေတယ်။ :P

အစ်ကိုကမာရေ တကယ်မိုးမိတာလည်းပါပါတယ်။ ဒီမှာနေ့တိုင်းမဟုတ်တောင် ရက်ခြားလောက်မိုးရွာ နေတယ်။ မိုးတွေလည်းချိန်းတယ်။ မိန်းကလေးပီပီသသ အပြင်ထွက်ရင်ထီးမယူဘူး။ ဟိုတစ်ရက်ကတော့ မိုးရေထဲထွက်ဆော့မိတယ်။ ခေါင်းကိုက်တာအဲဒါတွေ လည်းပါတယ်။

ကိုလင်းရေ မျက်မှန်တွေကျိုးကုန်တော့ မျက်လုံးကို ဘောင်မခတ်ပဲကြည့်ပါတယ်။ မျက်မှန်က ကွန်ပျူတာ ကြည့်ဖို့အတွက်ပဲ အဓိကလိုတာ။ သာမာန်အချိန် ဆိုရင်တော့ ဒီတိုင်းလည်းမြင်ရပါတယ်။ :P
ကိုလင်းနဲ့စိတ်စမ်းရေ ပြောတာမှန်လိုက်တာ။ ရုပ်ခံရှိတာကိုး။

ဆာယြောရေ အသားစိမ်းစားချင်ပါတယ်။ မချက်ချင်လို့။ ဒါပေမယ့် အစိမ်းမစားရခင် အန်ထွက်ကုန်လိမ့်မယ်။

မမခွန်နဲ့ကိုသီဟရေ ဟုတ်ပါ့။ ဒီကအစားအသောက်ကို တော်တော်မုန်းနေပြီ။ ကျောင်းပြီးရင်တော့ စင်္ကာပူမှာ ဆက်နေဖို့မလွယ်ဘူး။ အစားအသောက်ဆင်းရဲ တာဟာ ဆင်းရဲတကာ့ ဆင်းရဲထဲမှာ မခံနိုင်ဆုံးပဲ။ :D

ကိုမိုးမြင့်အောင်ပြောတာဟုတ်တယ်နော်။ ကျန်းမာရေးက အဓိက။ မြန်မာပြည်မှာကျန်ခဲ့တဲ့ အမေနဲ့အဖေ စိတ်ပူနေဦးမယ်။

Orchid ရေ ဆေးညွှန်ပေးတဲ့အတွက်ကျေးဇူးပါ။

ဖိုးဂျယ် said...

အမရေ ဒီလိုပဲ နှစ်ပါးသွားရတာပေါ့
စီးတီးဟောကလဲ တခါတခါ မကောင်းဘူး အမရဲ့

တီချမ်း said...

မေ့သမီး ရေ
စိတ်တိုပါနဲ့ကွယ်
တီ့ ဆီလာလည်
တီ ဟင်းကောင်းကောင်းချက်ကျွေးမယ်လေ
အဲ ပိုက်ဆံ ကိစ္စကတော့ တီ လဲမဖြေရှင်းပေးတတ်
မမကွမ်ကြီးဆီက ချေးကြည့်ပါလားခိခိ
ဘာပြောမလဲသိရအောင်
တီ တော့ လုံးလည်လိုက်နေ