ဖေ့ဘွတ် (Facebook) ပေါ်က သူ့ကွန်မန့် (Comment) တွေဖတ်မိရင်မရယ်ဘဲမနေနိုင်ဘူး။
ဆုံခဲ့ကြတဲ့အကြောင်းတွေပြန်စဉ်းစားမိရင် သူ့ကိုလွမ်းတယ်
ပြောခဲ့ကြတဲ့ စကားတွေကို ပြန်တွေးမိရင် ချက်ချင်းတွေ့ချင်လာတယ်
ဖုန်းဆက်မိတိုင်းမှာ ဖုန်းကတ်ကုန်သွားမှာသာ ရပ်မယ် ကိုယ်ကတော့ မချရက်ခဲ့ဘူး
ပြောဖြစ်တဲ့ စကားတွေကတခါတလေ ပလေပဇာ
ဒါပေမယ့် တခြားသူထက် သူနဲ့ပဲပိုပြောချင်တယ်
ပျော်ရင် ဖုန်းဆက်ချင်တယ် ၀မ်းနည်းရင် ပြောပြချင်တယ်
အောက်မေ့လာရင် ပြေးတွေ့ချင်မိတယ်
မလှဘူးပြောမယ်မှန်းသိသိချည်းနဲ့ အ၀တ်အစားသစ်တွေ ၀တ်ပြမိတတ်တယ်
သူကလှတယ်ပြောရင် သူများပြောတာထက်ယုံတယ်
သူကမလိုက်ဘူးပြောတဲ့ အ၀တ်ကို ရှောင်မယ်
ဘယ်သူမှမပြောတဲ့ စကားကြမ်းကြမ်းတွေ ကိုယ့်ကိုပြောလည်း ကိုယ်ကစိတ်မဆိုးဘူး
သူ့ကိုပစ်ပစ်နှစ်နှစ်ဆဲရင်တောင် သူကပန်းနဲ့ပေါက်တယ်ထင်နေတတ်တာ
သူ့ကိုကိုယ့်အဘိဓာန်ထဲမှာ ဒီလိုဖွင့်တယ်
--------------
အဲဒါဘယ်သူလဲ ဖြေ။ :D
10 comments:
မဟုတ်မှလွဲရော သူပဲဖြစ်မယ်။ :)
သူဘဲလေ။
ဟုတ်ဘူးလား။
း)
ဟိုလိုလို ဒီလိုလို ဖြေသွားတယ်။
မမွန်တော့ မဟုတ်ဘူး။ ဒါတော့ သေချာတယ်
:D
ဟုတ်နေပါပီ......း)
အဲဒီနေ့က ကျောင်းမတက်မိလိုက်ဘူး။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အချစ်ဆုံး သူငယ်ချင်းး))
အဖြေမှန်သွားသူကတော့ မမီးမီးချစ်ဖြစ်ပါတယ်။ နောက်လည်းကြိုးစားဖြေကြည့်ကြဦးနော်။ ဟိ။
အိုးးးးး
များတောင် မဖြေရသေးဘူး ..
ပဟေဠိ အဖြေညှိတာကလည်း မြန်လှချေလား ..
နောက်ဆို ဒီလောက်မြန်မြန်ကြီး ပြန်မဖြေနဲ့ လေ..
အော် အဖြေက ဂလိုကိုး ... ဘယ်သူမှန်သလဲ လာကြည့်တာပါ ... :)
ဒွတ်ခပဲ...း(
ဖြေတောင် မဖြေရသေး...
အဖြေက ထွက်နေပြီ...
နောက်ဆို အဲလို မေွးန်းတွေ မမေးနဲ့လေ... မေ့သမီး...း)
Post a Comment